သတင်းများ

စေတုတ္တရာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တိုင်းဒေသကြီးအစိုးရခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော အမှတ်(၁)ရပ်ကွက်၊  မင်္ဂလာလမ်း အုတ်ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းရာနှုန်းပြည့်ပြီးစီး
Jun 18,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စည်ပင်သာယာရေးကော်မတီမှ မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ  ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရခွင့်ပြု ရန်ပုံငွေဖြင့် ခွင့်ပြုငွေကျပ်(၂၁၉)သိန်း(၆)သောင်းဖြင့် ဆောင်ရွက်လျက်ရှိသော  အမှတ်(၁)ရပ်ကွက်၊ မင်္ဂလာလမ်း အုတ်ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းမှာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
သန်လျင်၌ အစိမ်းရောင်ကျေးလက်ဒေသဖွံဖြိုးရေး (Green Growth) လုပ်ငန်းစီမံကိန်း(ဆင့်ပွား) သင်တန်းဖွင့်လှစ်
Jun 18,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး (Green Growth) လုပ်ငန်းစီမံကိန်း (ဆင့်ပွား) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်တောင်ပိုင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဥတ္တရခရိုင်အတွင်းရှိ Covid- 19 ရောဂါ ကြိုတင်ကာကွယ်ရေး စစ်ဆေးရေးဂိတ်များအား             နေပြည်တော်ကောင်စီအဖွဲ့ဝင် ကြည့်ရှုစစ်ဆေး
Jun 18,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်အတွင်းရှိ တပ်ကုန်းမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ် အတွင်းရှိ Covid- 19 ရောဂါ ကြိုတင်ကာကွယ်ရေး စစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က  ယမန်နေ့က ကြည့်ရှု စစ်ဆေးခဲ့သည်။
သောက်သုံးရေရှားပါးသည့် ပျဉ်တိုင်းကျေးရွာသို့ ရေဂါလံ ၁၂၀၀ လှူဒါန်း
Jun 18,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေရှားပါးသည့် တောင်ဇင်းအုပ်စု၊ ပျဉ်တိုင်းကျေးရွာသို့ ရေဂါလံ ၁၂၀၀ ကို အေးမေတ္တာရေအလှူတော်အသင်းက ယမန်နေ့ နံနက် ၉နာရီအချိန်က သောက်သုံးရေသွားရောက် လှူဒါန်းခဲ့ကြောင်း အေးမေတ္တာရေ အလှူတော် အသင်းထံက  သိရသည်။
စဉ့်ကိုင်မြို့နယ်  ကံကောင်းခြင်းရတနာသစ်အချောထည်စက်ရုံ၌ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်(၄,၆၄၈,၃၂၀)ကျပ်ပေးအပ်
Jun 18,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်  ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံမှ ၂၀၁၂-ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမား ဦးအောင်စိုး၏ အလုပ်တွင်ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် (၄,၆၄၈,၃၂၀)ကျပ် ထုတ်ပေးခြင်း အခမ်းအနားကို အဆိုပါစက်ရုံ အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၁)နာရီက ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
လှိုင်းဘွဲမြို့နယ် Community Centreဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်
Jun 18,2021
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ အနေဖြင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရန်၊ အသိပညာ ဗဟုသုတများ ရရှိနိုင်ရန်အတွက် အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ် စာ‌စောင်များ ခင်းကျင်းပြသခြင်းကို ယမန်နေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနခန်းမ (Community Centre)ခန်းမ၌ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန့်ဟီးရိုးမြို့ ကောက်ကွက်ကျေးရွာအုပ်စုတွင် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများလက်ဝယ်အရောက်ပေးအပ်
Jun 18,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ်အတွင်း လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသော အသက်(၈၅)နှစ်အထက် သက် ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက ကောက်ကွက်ကျေးရွာအုပ်စု၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။    
သာစည်မြို့နယ်တွင် ပန်းခင်းစီမံချက်၌ ရပ်ကွက်/ကျေးရွာစာရင်းကောက်အဖွဲ့များ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား သင်တန်းပို့ချ
Jun 18,2021
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင်  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ သာစည်မြို့နယ်ဦးစီးမှူးရုံးမှ   ဆောင်ရွက်လျက်ရှိသော   ပန်းခင်းစီမံချက်တွင်  ပါဝင် ဆောင်ရွက်ကြမည့်    ရပ်ကွက်/ကျေးရွာစာရင်းကောက်အဖွဲ့များ  ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များအား    သိရှိစေရန် ယနေ့နံနက် ၉ နာရီခွဲက     မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ သင်တန်းဖွင့်လှစ်ပို့ချကြောင်း သိရသည်။