ရေဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက်ပျိုးစရိတ် ထုတ်ချေးပေးရန် ချေးငွေကျပ်သိန်း (၆၂၂၈) လျာထား

ရေဖြူ ဇွန် ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၁ ခုနှစ်၊ မိုးစပါးစိုက် တောင်သူ များ စိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် ချေးငွေကျပ်သိန်း (၆၂၂၈) ထုတ်ချေးပေးရန် လျာထားကြောင်း မြို့နယ်မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက သိရသည်။

ရေဖြူမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း (၁၈)အုပ်စုမှ ချေးယူမည့်တောင်သူ (၉၀၀) ဦး၏ စပါးစိုက် ဧကပေါင်း (၄၁၅၂)ဧကမှ တစ်ဧကလျှင် တစ်သိန်းခွဲနှုန်း၊ တောင်သူတစ်ဦးလျှင် အများဆုံး(၁၀) ဧကအထိ ထုတ်ချေးပေးသွား မည်ဖြစ်ပြီး အတိုးနှုန်းတစ်နှစ်လျှင် ၅ ရာခိုင်နှုန်း သတ်မှတ် ထားကြောင်း သိရသည်။

၂၀၂၀ ခုနှစ်၊ မိုးစပါးစိုက်ပျိုးစရိတ်နှင့် အချိန်စေ့လွန်ကြွေးကျန်မရှိသော တောင်သူများအား ဦးစားပေး ထုတ်ချေး ပေးမည်ဖြစ်ပြီး၊ ယခုနှစ်တွင် ထုတ်ချေးငွေကို လယ်ယာလုပ်ပိုင် ခွင့်ပြုလက်မှတ်ပုံစံ(၇) မူရင်းအားဘဏ်တွင် အပ်နှံနိုင်သော တောင်သူများကို ဇွန်လ ပထမပတ်တွင် ဖားချောင်းကျေးရွာအုပ်စုအား ထုတ်ချေးပေးခဲ့ပြီး စတုတ္တပတ်အတွင်းမှစ၍ စက်တင်ဘာလကုန်ထိ ချေးငွေတောင်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ထုတ်ချေးပေးသွားမည်ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်မန်နေဂျာက ပြောကြားသည်။

ရေဖြူ