သတင်းများ

နောင်ချိုမြို့ သဖန်းကိုင်း ပရဟိတကျောင်းတွင် Quaratine စင်တာ ဖွင့်လှစ်ရန်ပြင်ဆင်ထားရှိ
Jun 18,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)  နောင်ချိုမြို့နယ်ရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါကူးစက်မှုမှ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ နောင်ချိုမြို့ သဖန်းကိုင်းပရဟိတကျောင်းတွင် Quaratine စင်တာဖွင့် လှစ်၍ ပြင်ဆင်ထားရှိကြောင်း သိရသည်။
ကော့ကရိတ်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌   စာဖတ်ဝိုင်းကျင်းပ
Jun 18,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများအား စာပေဗဟုသုတ ပြည့်စုံစေရန်၊ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများကို ဝန်ထမ်းများအနေဖြင့် သိရှိပြီး လိုက်နာ​ဆောင်ရွက်နိုင်ရန်၊ အချင်းချင်းဝိုင်းဖွဲ့ဆွေးနွေးခြင်းဖြင့် အတွေးအခေါ် အသိအမြင်များ ရရှိပြီး ပြန်လည်မျှဝေတတ်စေရန် ရည်ရွယ်၍ နိုင်ငံပိုင်သတင်းစာတွင် ပါရှိသည့် နိုင်င်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် (၁၁)နာရီအချိန်က အဆိုပါခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စားသုံးသူအသိပညာပေး Talk  Show ဆောင်ရွက်
Jun 18,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဥတ္တရသီရိမြို့နယ် ပန်းတင်ကျေးရွာတွင် မြစိမ်းရောင် အရင်းမပျောက် လည်ပတ်ရန်ပုံငွေထုတ်ချေးပေး
Jun 18,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ မိသားစုစားဝတ်နေရေး အဆင်ပြေစေရေးအတွက် ယနေ့ နံနက် ၁၀ နာရီက တတိယအကြိမ်မြောက် မြစိမ်းရောင်အရင်း မပျောက်လည်ပတ် ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ဥတ္တရသီရိမြို့နယ်၊ပန်းတင်ကျေးရွာတွင် ဆောင်ရွက်ခဲ့သည်၊၊
ဇေယျာသီရိ၌ Mask Campaign ဆောင်ရွက်
Jun 18,2021
နေပြည်တော်၊    ဇေယျာသီရိမြို့နယ်တွင်   ဌာနဆိုင်ရာ ဝန်ထမ်းများစုပေါင်း၍  Mask   Campaign ပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက ပြည်စံအောင်ဈေးနှင့် ရန်ကုန်-မန္တလေးလမ်းဟောင်း၌ ပြုလုပ်ခဲ့သည်။
ဒက္ခိဏသီရိမြို့နယ် စီလမ်းဆုံ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်
Jun 18,2021
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ပြန်လည်ဖြစ်ပွားနေလျက်ရှိရာ နေပြည်တော်အတွင်း ရှိပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်ရေးအတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော်သို့ ပြည်တွင်း/ပြည်ပမှ ပြန်လည်ရောက်ရှိသူများ၊ ရောဂါဖြစ်ပွားမှုများပြားနေသည့်ဒေသများမှ ဝင်ရောက်လာသည့် ပြည်သူများအား နေပြည်တော်အဝင် ဒက္ခိဏသီရိမြို့နယ် စီလမ်းဆုံ ကျန်းမာရေးစစ်ဆေးရေး ဂိတ်တွင် ကျန်းမာရေးစစ်ဆေးဆောင်ရွက်နေမှုလုပ်ငန်းကို နေ့စဉ် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် ဌာန ဆိုင်ရာဝန်ထမ်းများက ဆောင်ရွက်နေလျက်ရှိကြောင်းသိရသည်။
ရွှေကူမြို့၌ ၂၀၂၁ ခုနှစ် မိုးရာသီ တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
Jun 18,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် သစ်တောဦးစီးဌာနနှင့် ဒေသနေပြည်သူတို့ ပူးပေါင်း၍ သစ်တော သစ်ပင်များကို ပြုစုပျိုးထောင်ခြင်းဖြင့် အနာဂတ်မျိုးဆက်သစ်များ သာယာလှပသည့် အနာဂတ် ဘဝများရရှိစေရန်၊ သစ်တောသယံဇာတများ ပြုစုပျိုးထောင်ပေးရန်၊ တစ်ပင် စိုက်လျှင် တစ်ပင်ရှင်ရမည်၊ “သင့်အတွက်သစ်ပင်” ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင် ထိန်းသိမ်းပေးရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ်၊ မိုးရာသီတစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဗန်းမော်−ရွှေကူ−ငအိုးလမ်း (အောက်လေးလမ်းဆုံ) ရွှေကူကြိုးဝိုင်း အကွက်အမှတ်(၃၁)အတွင်း ကျင်းပပြုလုပ်ခဲ့သည်။