သတင်းများ

မော်လမြိုင်မြို့တွင် သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည်
Sep 18,2020
မွန်ပြည်နယ်၊ မော်လမြိုင်မြို့သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် ပညာရေး ကောလိပ်သို့ ယမန်နေ့ ညနေပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် ဝင်ရောက် လာသောနေ ရပ်ပြန်ကျား(၅၃)ဦးနှင့်မ(၂၃)ဦး စုစုပေါင်း(၇၆)ဦး ရောက်ရှိလာရာ တာဝန်ရှိသူများက လက်ခံ၍ အဖျားတိုင်းခြင်း၊ ၎င်းတို့တည်းခိုမည့် အဆောင်များသို့ နေရာချထား ပေးကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်
Sep 18,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်မှအိမ်ထောင်စု(၁)စုလျှင် ငွေကျပ်၂၀၀၀၀ကို ယနေ့ နံနက် ၈နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန အတွင်း၌ ဖြန့်ဝေပေးခဲ့သည်။
ကချင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တနိုင်းမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင် ပြည်သူများအား တစ်အိမ်ထောင်လျှင် ငွေကျပ်လေးသောင်းနှုန်းဖြင့် ဒုတိယအကြိမ် ထောက်ပံ့
Sep 18,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သြဂုတ်လ(၂၉)ရက်နေ့က တစ်အိမ်ထောင် လျှင် ငွေကျပ်(၄၀၀၀ဝိ) နှုန်းနှင့် အိမ်သုံးပစ္စည်(၄)မျိုး ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ရာ ယခုအခါ ဒုတိယအကြိမ်အဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ်(၄၀၀၀ဝိ)နှုန်းဖြင့် ပြန်လည်ထောက်ပံ့ခြင်းကို ယမန်နေ့ မွန်းလွဲ(၅) နာရီအချိန်က သက်ဆိုင်ရာ တာဝန်ရှိသူများမှ မြို့နယ်အတွင်းရှိ KBC/RC/AG/COC ဘုရားကျောင်းများတွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ပေါင်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်၏ ထောက်ပံ့မှုအရ ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်
Sep 18,2020
ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်၏ ထောက်ပံ့မှုအရ ဆောင်ရွက်သော မိုးစပါး မျိုးစေ့ထုတ် တောင်သူများအား ဒုတိယအကြိမ် ထောက်ပံ့ ငွေပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပေါင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
တပ်ကုန်းမြို့၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် လက်ဝယ်အရောက်ထောက်ပံ့
Sep 18,2020
နေပြည်တော် တပ်ကုန်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးအဘိုးအဘွားများအား နိုင်ငံတော်မှ ထောက်ပံ့သည့် အမျိုးသားလူမှုရေး ပင်စင်များကို ယနေ့ နံနက်ပိုင်းက ရပ်ကွက်/ကျေးရွာများတွင် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
မအူပင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ကူးစက်မှုမရှိစေရေးအတွက် မြို့ဝင်တံတားထိပ် တိုးဂိတ်တွင် ပူးပေါင်းစစ်ဆေး
Sep 18,2020
ဧရာဝတီတိုင်းဒေကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ကူးစပ်မှုမရှိစေရေးအတွက် မြို့ဝင်ပူးပေါင်းစစ်ဆေးရေး ဂိတ်ဖွင့်လှစ်၍ ခရီးသွား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုနှင့် လူဝင်/ထွက် စစ်ဆေးခြင်းတို့ကို စက်တင်ဘာလ ၁၈ရက် နံနက် ပိုင်းမှစ၍ ဆောင်ရွက် လျက်ရှိသည်။
ပင်းတယမြို့ ကျုံးကျေးရွာဈေး၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်
Sep 18,2020
လက်ရှိဖြစ်ပွါးနေသည့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျေးရွာနေပြည်သူများ မဖြစ်မနေ နှာခေါင်း စည်းများ တပ်ဆင်ရန် Mask Campaign ပြုလုပ်ခြင်းနှင့် ကပ်ရောဂါအကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းကို မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းမှ တာဝန်ရှိသူများ၊ ကျုံးကျေးရွာမှ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီဝင်များတို့က ယမန်နေ့ နံနက်ပိုင်း က ကျုံးကျေးရွာဈေး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မွန်ပြည်နယ်တွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများ ကူညီဆောင်ရွက်ရန် ရန်ကုန်မြို့သို့ သွားရောက် မည့် ကျန်းမာရေးဝန်ထမ်းများအား တွေ့ဆုံဂုဏ်ပြု
Sep 18,2020
မွန်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန သင်တန်းခန်းမ၌ ယမန်နေ့ညနေပိုင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများ ကူညီဆောင်ရွက်ရန် ရန်ကုန်မြို့သို့ သွားရောက်မည့် ကျန်းမာရေးဝန်ထမ်းများအား တွေ့ဆုံဆွေးနွေး ဂုဏ်ပြုခြင်း အခမ်းအနားကျင်းပသည်။