သတင်းများ

ချင်းပြည်နယ်၊ ထန်တလန်မြို့၌ ကိုဗစ်-၁၉ ရောဂါသံသယဖြစ်သူ(၂၀)ဦး ရောဂါစစ်ဆေးခဲ့ရာ ၈ ဦးတွင် ရောဂါပိုးတွေ့ရှိ
Jun 18,2021
ချင်းပြည်နယ်၊ ထန်တလန်မြို့၊အမှတ်(၂)ရပ်ကွက်၊ TBC ဘုရားကျောင်း၌ ဇွန်လ ၁၇ ရက် ယမန်နေ့ ညနေပိုင်းက မြို့နယ် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၊ ဘာသာရေးခေါင်းဆောင်များနှင့် အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ COVID-19 ရောဂါသံသယရှိသူ(၂၀)ဦးအား စစ်ဆေးခဲ့ရာ ကျား(၃)ဦး၊ မ(၅)ဦး၊ စုစုပေါင်း (၈)ဦးတွင် COVID-19 ရောဂါ positive ဖြစ်ကြောင်း သိရသည်။
လွိုင်လင်မြို့တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 18,2021
  ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့ ဂေါက်ကလပ်၌ ၂၀၂၁ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကို ယနေ့နံနက် ၇ နာရီက ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ် ကြောင်းသိရသည်။
ကြံခင်းမြို့ပေါ်ရပ်ကွက်များတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအသိပေးနှိုးဆော်.
Jun 18,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့တွင် ကူးစက်မြန် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုအန္တရာယ်မှ ကင်းဝေးစေရန် ယမန်နေ့နေ့လယ်ပိုင်းက ကြံခင်းမြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့်အသိပေးနှိုးဆော်ခဲ့ကြကြောင်းသိရသည်။
မရမ်းကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 18,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ တွင် ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
သနပ်ပင်မြို့နယ် ကျိုက်ပဒိုင်ရေလွှဲပေါက်၌ ၂ လက်မအရွယ် ငါကောင်ရေ ၂၆၀၀၀၀ ငါးမျိုးစိုက်ထည့်
Jun 18,2021
စိုက်ပျိူးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ နှစ်စဉ်ဆောင်ရွက်လျက်ရှိသော ၂‌၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ငါးသယံဇာတမပြုန်းတီးရေး ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က သနပ်ပင်မြို့နယ် ကျိူက်ပဒိုင်လေးကျေးရွာ ကျိုက်ပဒိုင်ရေလွှဲ ပေါက်၌ ကျင်းပပြုလုပ်ခဲ့သည်။
ဇီးကုန်းမြို့နယ်တွင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် အုတ်ရေနုတ်မြောင်းအသစ်များ တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်
Jun 18,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် မြို့နယ်သန့်ရှင်းသာယာ လှပစေရေး၊ စိမ်းလန်းစိုပြေရေး၊ မြို့တွင်းလမ်းများ အဆင့်မြှင့်တင် တိုးချဲ့ခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရေး လုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိရာ အမှတ်(၂)ရပ်ကွက် မင်းဘူးလမ်းနှင့် လယ်ဦးစုလမ်း ရေနုတ်မြောင်းအား အုတ်ရေမြောင်းအသစ် ပြုလုပ်ခြင်းလုပ်ငန်းအား ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် ပညာရေးဝန်ထမ်းများအား ပထမအကြိမ် စတင်ထိုးနှံပေး
Jun 18,2021
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံတွဗကိုစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသော ပညာရေးဝန်ထမ်းများအား ယမန်နေ့ နံနက်ပိုင်းကစတင်၍ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးလျက်ရှိကြောင်း မြို့င် နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။