သတင်းများ

ညောင်တုန်းမြို့၌ ရပ်/ကျေးအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များအတွက် ဆင့်ပွားသင်တန်းဖွင့်လှစ်
Sep 17,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ရပ်/ကျေး ရွေးကော်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များအတွက် ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက ဆားမလောက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ဖွင့်လှစ်ခဲ့သည်။
ထန်းတပင်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်
Sep 17,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက် ပွဲဆိုင်ရာ စွမ်းရည်မြှင့် သင်တန်းကို ယနေ့နံနက် (၉)နာရီက ထန်းတပင်မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
အောင်မြေသာစံမြို့နယ်တွင် နှာခေါင်းစည်း(Mask) များ တပ်ဆင်သွားလာမှု မရှိသူများကို ယခုဝယ် ယခုတပ် စနစ်ဖြင့် အသိပညာပေးခြင်းများ ဆောင်ရွက်
Sep 17,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်၍ အောင်မြေသာစံ မြို့နယ်တွင် နှာခေါင်းစည်း(Mask) များ တပ်ဆင်သွားလာမှု မရှိသူများကို ယခုဝယ် ယခုတပ် စနစ်ဖြင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈နာရီက သီရိမာလာ အနောက် ရပ်ကွက်၊ ၂၆လမ်း၊ လမ်း၉၀နှင့် ၉၁လမ်းကြား၊ သင်္ဂဇာအင်းဘေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချောက်မြို့နယ်၌ ကိုဗစ်-၁၉ ကာလ အထူးချေးငွေ ထုတ်ချေးပြီးစီး
Sep 17,2020
မကွေးတိုင်းဒေသကြီးချောက်မြို့နယ်၌ ယမန်နေ့က မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှချောက် မြို့နယ်အတွင်းရှိတောင်သူ လယ်သမားများ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ၏
ညောင်တုန်းမြို့၌ ပန်းလှိုင်မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ရာ နေအိမ်(၁)လုံး ပြိုကျ၊ နေအိမ် (၉)လုံးအား ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ပေးခဲ့ရ
Sep 17,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက် တိုးချဲ့နယ်မြေတွင် ပန်းလှိုင်မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ရာ ယမန်နေ့ ညနေ ၅ နာရီခွဲခန့်က နေအိမ် (၁)လုံး ပြိုကျခဲ့ပြီး နေအိမ် (၉)လုံးအား ကြိုတင်ဖျက်သိမ်း ပြောင်းရွေ့ပေးခဲ့ရသည်။
မိတ္ထီလာဘူတာ၏ သာစည်-မြင်းခြံလမ်းပိုင်း ပြေးဆွဲလျက်ရှိသည့် အမှတ်(၁၁၁/၁၁၂)အစုန်၊အဆန် စာပို့ရထား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် ယာယီ ရပ်နား
Sep 17,2020
မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာဘူတာ၏ သာစည်-မြင်းခြံလမ်းပိုင်း ပြေးဆွဲလျက်ရှိသည့် အမှတ် ၁၁၁/၁၁၂ အစုန်၊ အဆန် စာပို့ရထားကို ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန် ယာယီ ရပ်နားထား ရှိကြောင်း သိရသည်။
 မိုးမောက်မြို့နယ်၌ ရဲမှုထမ်းဟောင်းများအား အခြေခံစားသောက်ကုန် ထောက်ပံ့
Sep 17,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်း ရဲဝန်ထမ်းဟောင်းများ စားသောက်ရေး အဆင်ပြေစေရေးအတွက် စားသောက်ကုန်ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မိုးမောက် မြို့မရဲစခန်းရှိ ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝါးခယ်မတွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအတွက် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်
Sep 17,2020
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ အတွက် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က (၂)၊ အ.လ.က (၂)၊ အ.မ.က (စျေး)ကျောင်းများ၌ ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်မှုများနှင့်အညီ ဖွင့်လှစ် သင်ကြားပို့ချလျက် ရှိသည်။