ရန်ကင်းမြို့နယ်တွင် Quarantine Centre ဖွင့်လှစ်ထားသည့် နေရာအား တာဝန်ရှိသူများကြည့်ရှု စစ်ဆေး

ရန်ကင်း ဇွန် ၁၈

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ ထားရှိမည့် Quarantine Centre ဖွင့်လှစ်ထားသည့် နေရာအား ရန်ကင်းမြို့နယ်ခေတ္တ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယနေ့ မွန်းလွဲပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်ကြည့်ရှုရာတွင် ရန်ကင်းမြို့နယ် ခေတ္တမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ထွန်းနှင့် တာဝန်ရှိသူများက ရန်ကင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများ ထားရှိကုသပေးသွားမည့်  သာသနာ့ဗိမာန်တွင် ဖွင့်လှစ်ထားသည့် Quarantine Centre အား ကြည့်ရှုစစ်ဆေးခဲ့ရာ ခေတ္တမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ထွန်းနှင့် တာဝန်ရှိသူများ က လေကောင်းလေသန့် ရရှိရေး၊ ရေ၊ မီး ရေအိမ် အစရှိသဖြင့် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်ထားမှုများကို  ကော်မတီအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွား ကြရန်ညှိနှိုင်း ပြောကြားခဲ့ကြောင်း သိရသည်။

ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာထားရှိမည့် သာသနာ့ဗိမာန် Quarantine Centre တွင် လူနာ(၇၀)ဦးစာအတွက် ခုတင်(၇၀)လုံး စီစဉ်ထားကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ သိရသည်။

လှလှထွေး