ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ပိုမိုအထောက်အကူပြု ဆောင်ရွက်နိုင်ရေးအတွက် အထူးစစ်ဆေး ဆောင်ရွက်မှုများပြုလုပ်

ကဝ ဇွန်  ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ကဝမြို့နယ်အတွင်း ကိုဗစ်၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို  ပိုမို အထောက်အကူပြု ဆောင်ရွက်နိုင်ရေးအတွက်   (၁၈..၂၀၂၁) ရက်နေ့ နံနက်မှစတင်၍  ကဝမြို့၏ အနောက်ဘက် ကဝထုံးကြီး  ပဲခူးမြစ်ကူး တံတားထိပ်တွင်  နံနက် ()နာရီမှ (၁၆)နာရီအတွင်း  ဖြတ်သန်းသွားလာကြသည့်  ပြည်သူများ  Mask တပ်ဆင်သွားလာခြင်း ရှိ/မရှိနှင့်  အခြားဒေသများမှ ပြန်လည်ဝင်ရောက်လာသူများအား စစ်ဆေးခြင်း လုပ်ငန်းများကို    အထူးကြပ်မတ်စစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးဌာနမှ ဝန်ထမ်းများနှင့်အတူ အခြားဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်ကြလျက် ပြည်သူများ ခရီးသွားလာကြသည့်အခါတိုင်း Mask တပ်ဆင် သွားလာကြရန်၊ အပြင်မှပြန်လာတိုင်းနှင့်   အရာဝတ္တုများကို ထိတွေ့ကိုင်တွယ်ပြီးတိုင်း  လက်ကိုဆပ်ပြာဖြင့်  စင်ကြယ်စွာ ဆေးကြောရန်   အုပ်စုလိုက်လက်ပွန်းတတီး နေထိုင်မှုကို ရှောင်ကြဉ်၍ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်နှင့် ကိုဗစ်-၁၉ရောဂါ၏ အန္တရာယ်ကြီးမားပုံများကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။