နေရပ်ပြန်မြန်မာသင်္ဘောသားများ ကော့သောင်းမြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ
Sep 18,2020
ကော့သောင်းမြို့အနီးအက်ဒမန်ပင်လယ် အတွင်း Crew Change ပြုလုပ်ရန် စင်္ကာပူနိုင်ငံမှလာရောက်သည့် MT.K K NO.3 သင်္ဘောပေါ်မှ သင်္ဘောသား(၇)ဦး၊ တရုတ်နိုင်ငံမှလာရောက်သည့် M.V SUNLEAF STAR သင်္ဘောပေါ်မှ သင်္ဘောသား(၁၂)ဦး ၊စင်္ကာပူနိုင်ငံမှလာရောက်သည့် MT DAEHO SUNSTAR သင်္ဘောပေါ်မှ သင်္ဘောသား(၅)ဦး၊ မိုဇမ်ဗစ်နိုင်ငံမှလာရောက်သည့် MT MELATI-4 သင်္ဘောပေါ်မှ သင်္ဘောသား(၁၈)ဦး၊ စင်္ကာပူနိုင်ငံမှလာရောက်သည့် MV GRAND EAGLE သင်္ဘောပေါ်မှ သင်္ဘောသား (၁၀)ဦး၊ စုစုပေါင်းသင်္ဘောငါးစီးပေါ်မှ သင်္ဘောသား (၅၂)ဦး Sign off ထွက်လာရာ ယမန်နေ့ ညနေပိုင်းက မြို့မဆိပ်ကမ်းမှတဆင့် ကော့သောင်းမြို့သို့ဝင်ရောက်လာပြီး Hotel Quarantine ဝင်ရောက်လျှက်ရှိကြောင်းသိရသည်။