သတင်းများ

လေးမျက်နှာမြို့နယ်တွင် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Jun 18,2021
ဧရာ၀တီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် မြို့နယ် အမျိုးသမီး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်၁၀နာရီက လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
တောင်ငူ၌ ခရိုင်အဆင့် ကလေးသူငယ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ လုပ်ငန်းညှိနှိုင်းဆွေးနွေး
Jun 18,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်၌ ခရိုင်အဆင့် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကော်မတီ၏ ကလေးသူငယ်အခွင့်အရေးဆိုင်ရာလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး ၊ ဘုရင့်နောင်ခန်းမ၌ ယနေ့ နံနက်ပိုင်း အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကျင်းပ
Jun 18,2021
ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ၂/၂၀၂၁ ကြိမ်မြောက်အစည်းအဝေး ကို ယနေ့နံနက် ၁၀ နာရီက ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ဝါးခယ်မမြို့နယ်တွင် ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲများဖွင့်ပွဲအခမ်းအနား ကျင်းပ
Jun 18,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ၂၀၂၁ခုနှစ်၊ မြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဖြင့်ကျင်းပသော မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို ယ‌နေ့နံနက် ၉ နာရီခွဲအချိန်က ဝါးခယ်မမြို့နယ် ရွှေခယ်သီရိ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လင်းခေးခရိုင် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်း ကျင်းပ
Jun 18,2021
ပြည်သူများ စာပေဗဟုသုတများ စဉ်ဆက်မပြတ် လေ့လာနိုင်စေရေး၊ စာပေလေ့လာလိုစိတ်များရှင်သန်လာစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးတို့ကို ရည်ရွယ်၍ ရှမ်းပြည်နယ် တောင်ပိုင်း၊ လင်းခေး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူဗဟိုပြု Community Centre ပြည်သူ့စာကြည့်တိုက်ခန်းမ၌ စာပေဝါသနာရှင်များ စာဖတ်ဝိုင်းကို ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ကျောက်မဲခရိုင်၊ ပြည်သူ့ဆေးရုံဝင်းအတွင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 18,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ပြည်သူ့ဆေးရုံဝင်းအတွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရန်ကင်းမြို့နယ်၌  ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 18,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းညှိုနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က ရန်ကင်းမြို့နယ်အမှတ် ( ၃) ရပ်ကွက်ရှိ သာသနာ့ဗိမာန်၌  ကျင်းပပြုလုပ်ခဲ့သည်။
ပုဂံမြို့ လောကနန္ဒာဘေးမဲ့တောဥယျာဉ်တွင် ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ် ကမ္ဘာ့ရှားပါး တိုက်လိပ်ငယ် ခုနှစ်ကောင် ထပ်မံပေါက်လာ
Jun 18,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံမြို့ လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်တွင် ဆယ်နှစ်အတွင်း တိုက်လိပ်များ သားပေါက်လာခဲ့ကြောင်း၊ တိုက်လိပ်များသည် မြန်မာတစ်နိုင်ငံ ထဲမှာသာရှိသည့် ဌာနေဖွားမျိုးစိတ်ဖြစ်ပြီး နေရင်းဒေသများတွင် မျိုးသုဉ်းရန် အလွန်နီးကပ်နေသော တိုက်လိပ်များ ဖြစ်ကြောင်း လောကနန္ဒာ ဘေးမဲ့တောဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးရွှေဌေးအောင် က ပြောကြားသည်။