သတင်းများ

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် လေပြင်းတိုက်၍ သစ်ပင်လဲကျမှုဖြစ်ပွား
Jun 18,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံ​မြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ယမန်နေ့က လေပြင်းတိုက်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အမှတ်(၁)ရပ်ကွက်၊ မဟေသီလမ်းတွင် သစ်ပင်လဲကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းအနေဖြင့် အသိပေးနှိုးဆော်ချက် ကြော်ငြာထားရှိ ဆောင်ရွက်
Jun 18,2021
ပဲခူးမြို့၊ ဇိုင်းဂနိုင်းမြောက်ပိုင်း၊ ဘူတာ(၃)လမ်းစျေးအနီး Covid-19 ရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းအနေဖြင့် နေ့စဉ် (၁၆:၀၀)နာရီအချိန်မှစ၍ လုံးဝစျေးရောင်းချခြင်းမပြုရန် အသိပေး နှိုးဆော်ချက် ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော အမှတ်(၁) ရပ်ကွက် ကမ္ဘာအေးကွက်သစ်(၁)လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Jun 18,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စည်ပင်သာယာရေးကော်မတီမှ မြို့နယ်အတွင်း ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ခွင့်ပြုငွေကျပ် (၇၅၀၀၀၀၀/-) ခုနှစ်ဆယ့်ငါးသိန်းဖြင့် ဆောင်ရွက်လျက်ရှိသော အမှတ်(၁)ရပ်ကွက်၊ ကမ္ဘာအေးကွက်သစ်(၁)လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jun 18,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု အား ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask)များ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်သော စည်ကမ်းများအား လိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေးခြင်းလုပ်ငန်း Mask တပ်ဆင်သွား လာစေရန် ယနေ့ နံနက်(၇)နာရီအချိန်က လူစည်ကားရာ ရွှေတောင်မြို့မဈေးကြီး အနီးလမ်းမတွင် ပုံမှန် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့ ကန်ကြီးရပ်ကွက်ရှိ ရွှေဘုံသာမိုးကောင်းဘုရားကြီးတွင် ဆွမ်းဆန်စိမ်း လောင်းလှူ
Jun 18,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့ ကန်ကြီးရပ်ကွက်ရှိ ရွှေဘုံသာမိုးကောင်း ဘုရားကြီးတွင် ယမန်နေ့ညနေ (၄) နာရီအချိန်ခန့်က စုပေါင်းဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပခဲ့သည်။
လင်းခေးတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Jun 18,2021
 လင်းခေးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကိုဗစ်-၁၉ရောဂါကာကွယ် ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့ နံနက်က လင်းခေးမြို့၊ ယာယီ ကုန်စိမ်းဈေး၌ သွားလာလှုပ်ရှားလျက်ရှိသည့် ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ ကြကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်တွင် (၁၁) ရက်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၁၅၁)ဦးရှိ
Jun 18,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ဖျားနာ (သံသယ) လူနာ တို့အား ကိုဗစ်ရောဂါပိုး ရှိ/မရှိ Rapid Diagnostic Antigen Test Kid(RDT) ဖြင့် ဇွန်လ ၇ ရက်နေ့က စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၃)ဦးတွေ့ရှိခဲ့ရာမှ ၎င်းတို့နှင့် ထိတွေ့သူများ သံသယ လူနာများကို စစ်ဆေးခဲ့ရာ ယနေ့အထိ ပိုးတွေ့လူနာ(၁၅၁)ဦးရှိပြီး နှစ်ဦးသေဆုံးပြီဖြစ်ကြောင်း သိရ သည်။