လိပ်သိုမြို့ ပြည်သူ့စာကြည့်တိုက်တွင် ၀န်ထမ်းများနှင့် စာဖတ်ဝိုင်းကျင်းပ

လိပ်သို   ဇွန်   ၁၈

ကရင်ပြည်နယ်၊ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံး Community Centre ခန်းမတွင် ယနေ့ နံနက် ၉ နာရီခွဲက စာရေးဆရာ ချစ်နိုင် (စိတ်ပညာ)  ရေးသားသည့် “ ရွှေရောင်လွှမ်းတဲ့ အခွင့်အလမ်း ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က မြို့ရုံးရှိ ၀န်ထမ်းများအားလုံး စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ပျိုးထောင် သည့်အနေဖြင့် စာဖတ် ဝိုင်းကို ရည်ရွယ်ပြုလုပ်ရခြင်း ဖြစ်ကြောင်း၊ ၀န်ထမ်းများအနေဖြင့် စာကြည့်တိုက်လုပ်ငန်းကို မိမိတို့ ၀န်ထမ်းများ အရည်အသွေး၊ အရည်အချင်းဖြင့် တိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း စသည့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာရေးဆရာ ချစ်နိုင် (စိတ်ပညာ)၏  ရွှေရောင်လွှမ်းတဲ့ အခွင့်အလမ်း စာအုပ်ထဲမှ အောင်မြင်ချင်တယ်ဆိုရင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊  ဒေါ်၀င့်သူဟန် (စာထောက်-၃)က ဟောပြောခြင်း အတတ် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဦးစောဝေါ်ကွောထူး (ရုပ်သံကျွမ်းကျင်-၃)က အတွေ့အကြုံများထဲမှ ခေါင်းစဉ်ဖြင့်လည်းကောင်း ဖတ်ကြားခဲ့ပြီး အပြန် အလှန် ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။

နွယ်နွယ်ခိုင် (ပြန်/ဆက်)