တောင်ငူ၌ ခရိုင်အဆင့် အမျိုးသမီးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

တောင်ငူ မေ ၁၈

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်​နောင်ခန်းမ၌ ယနေ့ နံနက်ပိုင်းက ခရိုင်အဆင့် အမျိုးသမီးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်း အစည်းအ​ဝေး၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုး ဒေါ်ခင်သီတာအောင်က ခရိုင်အမျိုးသမီးကော်မတီ၏ ဆောင်ရွက်နေမှုလုပ်ငန်းများ၊ ရှေ့ဆက် ဆောင်ရွက်သွားမည့် လုပ်ငန်းများ၊ သက်ဆိုင်ရာ ဌာနများနှင့် ပူး​ပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင်များက အမျိုးသမီး၏ လူမှုစီးပွားဘဝကို မြှင့်တင်ဆောင်ရွက်နိုင်ရန်၊ အမျိုးသမီးများအပေါ် ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ ၊ လိင်ပိုင်းဆိုင်ရာ သို့မဟုတ် စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှု ၊ အိမ်တွင်းအကြမ်းဖက်မှု စသည့် အကြမ်းဖက်သည့် ပြုလုပ်မှုများအား တားဆီးကာကွယ်နိုင်ရေး ၊ အမျိုးသမီးတို့၏ ဘဝဖွံ့ဖြိုး တိုးတက်ရေး ၊ ကျား/မရေးရာ တန်းတူ ညီမျှရေး နှင့် အမျိုးသမီးများ၏ အခွင့်အရေးများကို အသိအမှတ်ပြုလက်ခံ နိုင်စေမည့် လုပ်ငန်းစနစ်များ ၊ ဖွဲ့စည်းပုံများနှင့် လုပ်ထုံးလုပ်နည်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အသီးသီး ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ ခရိုင်အဆင့် အမျိုးသမီး ကော်မတီဝင်များ ၊ သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများ စုစုပေါင်း ၂၀ ဦး တက်ရောက်ကြ​ကြောင်း သိရသည်။