တိုက်ကြီးမြို့နယ် ရန်ကုန်-ပြည်ကားလမ်းပေါ်တွင် အင်ဂျင်အပူလွန်ကဲပြီး ကားတစ်စီး မီးလောင်မှု ဖြစ်ပွား
Sep 18,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် ဂျိုးဖြူကျေးရွာအုပ်စု ရန်ကုန်-ပြည် ကားလမ်း၊ မိုင်တိုင်အမှတ် ၅၂ မိုင်အနီးတွင် ယနေ့ နံနက် ၆ နာရီအချိန်ခန့်က ဥက္ကံမြို့မှ တိုက်ကြီး မြို့နယ်ဘက်သို့ ယာဉ်မောင်း ဦးသိန်းဇော်ထက် မောင်းနှင်လာသော ဝမ်ဟီးအထည်ချုပ်စက်ရုံ ဝန်ထမ်းကြို/ပို့ YGN/---- Fuso Express ကားသည် အင်ဂျင်အပူလွန်ကဲပြီး ဒိုင်နမိုမိန်းကြိုး ကာဗာပျော်ကျကာ ဝါယာကြိုးပူးရာမှ မီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းအရ တိုက်ကြီးမြို့နယ် မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးနိုင်ဦး ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင်(၁၂)ဦးသည် မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် အချိန်မီသွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ ၂၇ မိနစ်အချိန်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။