တွံတေးမြို့နယ်တွင် ကျေးရွာဖွံဖြိုးတိုးတက်ရေး စီမံကိန်းနှင့် သန့်ရှင်းသောရေရရှိရေး လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

တွံတေး ဇွန်၁၈

ရန်ကုန်တိုင်ဒေသကြီး၊ တွံတေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံဖြိုးရေးစီမံကိန်းနှင့်​ သန့်ရှင်းသော ရေရရှိရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။

 တွံတေးမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်သည့် ကျေးရွာဖွံဖြိုးတိုးတက်ရေး စီမံကိန်း(VDP) (၁၅)ရွာနှင့် သန့်ရှင်းသော ရေရရှိရေးလုပ်ငန်း (၂၂) ခု စီမံကိန်းလုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်းအချိန်မီ ပြီးစီးဆောင်ရွက်သည့် လုပ်ငန်းများ အရည်အသွေး ပြည့်မီစေရန်၊ ဝန်ထမ်းများက အနီးကပ် ကြီးကြပ်ကွင်းဆင်း ဆောင်ရွက်မှုကြောင့် ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ရရှိသော လုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပြီး ကျေးလက်ဒေသမှ ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်ပေးမှုဖြင့် သတ်မှတ်ချိန် ထက် စောလျှင်စွာ ပြီးစီးမှုဝန်ထမ်းများမှ ကြီးကြပ်ဆောင်ရွက်ပေး​ခြင်းကြောင့် ပြီးစီးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။