သတင်းများ

သပိတ်ကျင်းမြို့တွင် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ထောက်ပံ့သည့် LED မီးသီးများ တပ်ဆင်
Sep 18,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့တွင် မန္တလေးတိုင်းဒေသကြီး စည်ပင်သာ ယာရေးအဖွဲ့မှ ထောက်ပံ့သည့် 60W LED မီးသီးအလုံး(၄၀)နှင့် သပိတ်ကျင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ 84W မီးသီး(၁၀)လုံးနှင့်ဆက်စပ်ပစ္စည်းတို့အား မြို့ပေါ်ရှိလိုအပ်လျက်ရှိသော ရပ်ကွက်များရှိ လျှပ်စစ်ဓာတ်မီးတိုင် များတွင် ယနေ့နံနက်ပိုင်းမှစတင်၍ တပ်ဆင်လျက်ရှိကြောင်း သိရသည်။
ညောင်တုန်းမြို့၌ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသင်တန်းဖွင့်လှစ်
Sep 18,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသင်တန်းကို ယနေ့နံနက် ၁၀ နာရီက အ-မ-က-၁ (အရှေ့ပိုင်း) ၌ ဖွင့်လှစ်ခဲ့သည်။
ကျိုက်မရောတွင် ​ရွေး​ကောက်ပွဲဆိုင်ရာ ပညာ​ပေးသင်တန်း ဒုတိယ​နေ့၌ ဆန္ဒမဲပေးနည်း လက်​တွေ့သရုပ်ပြ
Sep 18,2020
မွန်ပြည်နယ်၊ ကျိုက်မ​ရောမြို့နယ် ​ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/​ကျေးရွာ အုပ်စု ​ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် များအား​ ရွေး​ကောက်ပွဲဆိုင်ရာ ပညာ​ပေးသင်တန်း ဒုတိယ​နေ့ကို ယ​​နေ့နံနက် ၁၀ နာရီက အတ္တရံခန်းမ၌ ဆက်လက် ကျင်းပလျက်ရှိ​ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရုံးအတွက်Laptop ကွန်ပျူတာနှင့်ကိုဗစ်-၁၉ရောဂါကာကွယ်ရေးပစ္စည်းများထောက်ပံ့ပေးအပ်
Sep 18,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်ရုံးအတွက် သံတောင်ကြီး အမျိုးသမီးများအဖွဲ့မှ Laptop ကွန်ပျူတာနှင့်ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌‌ရေး ပစ္စည်းများ ထောက်ပံ့ခြင်းကို ယနေ့ နံနက်ပိုင်းကပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့၌ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်
Sep 18,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့ တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းကို ယမန်နေ့ နံနက် ၈ နာရီခွဲ အချိန်က အမှတ်(၁) အခြေခံပညာအလယ်တန်း ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် နွားပွဲစျေးအတွင်း ညွှန်ကြားချက်များ လိုက်နာမှုရှိ/ မရှိ ကွင်းဆင်း စစ်ဆေး
Sep 18,2020
တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် နွားပွဲစျေးအတွင်း ညွှန်ကြားချက်များ လိုက်နာမှုရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ်
Sep 18,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေး အန္တရာယ်ကြိုတင်ပြင်ဆင်ရေး အသိပေးနှိုးဆော်
Sep 18,2020
ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပွားစေရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နှိုးဆော်ခြင်းများကို မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမော်နှင့် တာဝန်ရှိသူများတို့က စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စိုင်ဒူးကျေးရွာ၊ ရွာသစ်ကျေးရွာနှင့် ရွာစည်ကျေးရွာများတို့တွင် ကွင်းဆင်း၍ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။