သတင်းများ

ကျောက်ကြီးမြို့နယ်၌ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ရုံးတွင်းစာဖတ်ဝိုင်းပြုလုပ်
Jun 18,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်ကျောက်ကြီးမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ယနေ့ မနက်(၁၀)နာရီအချိန်တွင် ပြန်/ဆက် ဝန်ထမ်းများမှ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသော အသိနှင့်ပညာ စာအုပ်ဖြင့် ရုံးတွင်း စာဖတ်ဝိုင်း ပြုလုပ် ခဲ့ကြောင်းသိရသည်။
အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်းမှ ပြည်သူများအား နေ့စဉ် ကျန်းမာရေးစောင့်ရှောက်မှုပေး
Jun 18,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ကျန်းမာရေးကောင်းမွန်စွာ နေထိုင်နိုင်ရန် ရည်ရွယ်၍ ကြက်ခြေနီအသင်း(အင်းစိန်)မှ တာဝန်ရှိသူများက (၂၄)နာရီ လူနာတင် ယာဉ်ကား(၂)စီးဖြင့် ပြည်သူများ၏ ကျန်းမာရေး လိုအပ်ချက်များကို နေ့စဉ် ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။
မြောက်ဦးမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာ၌ သွေးလွန်တုတ်ကွေးကြိုတင် ကာကွယ်ရေး ဖုံး၊ သွန်၊ လဲစစ် စနစ်ဖြင့် (အဘိတ်) ဆေးခတ်ခြင်းများ ကွင်းဆင်းဆောင်ရွက် 
Jun 18,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာ၌ မိုးရာ သီတွင် ခြင်မှ ကူးစက်ဖြစ်ပွားတတ်သော သွေးလွန်တုတ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲစစ် စနစ်ဖြင့် ပိုးလောက်လန်းသေ (အဘိတ်) ဆေးခတ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် နှာခေါင်းစည်းများ လှူဒါန်းပေး
Jun 18,2021
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေစစ်ဆေးခြင်း၊ ရောဂါထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ယနေ့တွင် စံပြကုမ္ပဏီမှ နှာခေါင်းစည်းများ လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ရေကြည်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အဘိတ်ဆေး ခတ်ပေးခြင်းများ ဆောင်ရွက်
Jun 18,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၌ မြို့ပေါ်ရပ်ကွက်များသို့ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် မိုးဦးကာလတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ယနေ့ နံနက် ၈ နာရီခွဲက မြို့‌ပေါ်ရပ်ကွက် အသီးသီးရှိ နေအိမ်များသို့ ပိုးလောက်လန်းများမရှိ စေရန်ရေကန်၊ ရေတိုင်ကီ၊ ရေအိုး၊ ရေပုံးအတွင်း ခြင်ဖြစ်မည့် ပိုးလောက်လန်းများအား အဘိတ်ဆေးခတ်ခြင်း၊ အဘိတ်ဆေးများကို တစ်အိမ်တက်ဆင်း လိုက်လံဝေငှ ပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ကျုံပျော်တွင် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 18,2021
နှစ်စဉ်ကျင်းပမြဲဖြစ်သော မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော် မြို့နယ် သစ်တောဦးစီးဌာနက ဦးဆောင်ကာ အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်းဝန်း အတွင်း၌ ယနေ့ နံနက် ၇ နာရီခွဲက ကျင်းပပြုလုပ်ကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့၌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်‌ရေး သစ်စိမ်းမြေဩဇာထည့်သွင်းမြေမြှုပ်ခြင်းကွင်း သရုပ်ပြသခြင်းနှင့် တောင်သူအသိပညာပေးဆွေးနွေး
Jun 18,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ယခုမိုးရာသီတွင် ထွန်ယက် စိုက်ပျိုးမည့် မိုးစပါးများ အထွက်နှုန်းတိုးတက်ကောင်းမွန်လာစေရေး မြေဆီမြေလွှာများ မြေချဉ်ဓာတ် လျော့နည်းကာ မြေဆီလွှာများဖွံ့ဖြိုး‌‌ကောင်းမွန်လာ‌စေ‌‌ရေးအတွက်ရည်ရွယ်ပြီး သစ်စိမ်းမြေဩဇာထည့်သွင်း မြေမြှူပ်ခြင်းကွင်း သရုပ်ပြသခြင်းနှင့် တောင်သူအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ်(၂)ရပ်ကွက်ရှိ စိုက်ပျိုးရေးဦးစီးဌာန မြို့မကွင်း၌ ပြုလုပ်ကျင်းပသည်။
ကျုံပျော်တွင် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ရှင်းလင်းဆွေးနွေး ပွဲကျင်းပ
Jun 18,2021
ဧရာဝတီတိုင်းဒေသကြီး၊ကျုံပျော်မြို့နယ်တွင် နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှု အစီအစဉ်အကောင် အထည်ဖော်ဆောင်ရွက်ရေး ရှင်းလင်းဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။