လင်းခေး ဇွန် ၁၈
ပြည်သူများ စာပေဗဟုသုတများ စဉ်ဆက်မပြတ် လေ့လာနိုင်စေရေး၊ စာပေလေ့လာလိုစိတ်များရှင်သန်လာစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးတို့ကို ရည်ရွယ်၍ ရှမ်းပြည်နယ် တောင်ပိုင်း၊ လင်းခေး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူဗဟိုပြု Community Centre ပြည်သူ့စာကြည့်တိုက်ခန်းမ၌ စာပေဝါသနာရှင်များ စာဖတ်ဝိုင်းကို ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် စာရေးဆရာမဒေါက်တာမတင်ဝင်း၏ "အလုပ်ဆိုတာအင်အားပါ” စာအုပ်ပါအကြောင်းအရာများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ခရိုင်ဦးစီးအရာရှိ ဦးသန်းမြင့်၊ ခရိုင်ဒုတိယဦးစီးမှူးဒေါ်ဝင့်စန္ဒီအိနှင့် စာပေဝါသနာရှင်တို့က တစ်ဦးချင်းအလိုက် ဖတ်ရှုခဲ့ကြပြီး စာအုပ်များပါ ခေါင်းစဉ်အသီးသီးမှ မိမိတို့ရရှိသည့် အသိပညာဗဟုသုတများအား အပြန်အလှန်ဆွေးနွေးမျှဝေခြင်းများ ဖလှယ်ခဲ့ကြကြောင်းနှင့် အလားတူစာဖတ်ဝိုင်းများကို ပြုလုပ်ပေးခြင်းအားဖြင့် ပြည်သူလူထု အသိပညာဗဟုသုတများ တိုးတက်လာစေရန် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ခရိုင်ဦးစီးအရာရှိက ပြောကြားခဲ့ကြောင်း သိရသည်။
စိုင်းဇော်လတ်