ဝါးခယ်မမြို့နယ်တွင် ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲများဖွင့်ပွဲအခမ်းအနား ကျင်းပ

ဝါးခယ်မ  ဇွန်  ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ၂၀၂၁ခုနှစ်၊ မြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဖြင့်ကျင်းပသော မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို ယ‌နေ့နံနက် ၉ နာရီခွဲအချိန်က ဝါးခယ်မမြို့နယ် ရွှေခယ်သီရိ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်မှ အဖွင့်အမှာစကား ပြောကြားပြီး အားကစားပြိုင်ပွဲများအားဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ အားကစား သမားများက အားကစား သစ္စာအဓိဌာန်ရွတ်ဆိုကာ ပိုက်ကျော်ခြင်း၊ ဖူဆယ်နှင့် စားပွဲတင်တင်းနစ် ပြိုင်ပွဲများအား ယှဉ်ပြိုင်ကစားခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ မြို့နယ်အားကစားမှူး၊ အသင်းအုပ်ချုပ်သူများ၊ နည်းပြနှင့်အားကစားသမားများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

စောသန္တာဦး