ရန်ကင်းမြို့နယ်၌  ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

ရန်ကင်း  ဇွန်  ၁၈

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းညှိုနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က ရန်ကင်းမြို့နယ်အမှတ် ( ၃) ရပ်ကွက်ရှိ သာသနာ့ဗိမာန်၌  ကျင်းပပြုလုပ်ခဲ့သည်။

 

အစည်းအဝေးတွင် ခေတ္တမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်ထွန်းက ပြောကြားရာတွင် " ကိုဗစ်-၁၉ ရောဂါပိုးဟာ အသွင်ပြောင်းပုံသဏ္ဍန်ဖြင့် ကူးစက်ပြန့်ပွားလျက်ရှိကြောင်း၊ မိမိတို့မြို့နယ် အတွင်းသို့ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ် ရေးလုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း ကျောင်းများ ပြန်လည်​ဖွင့်လှစ်နေပြီဖြစ်တဲ့အတွက် Quarantine Centre များ ဖွင့်လှစ်ရန် အခက်အခဲရှိနေကြောင်း၊   ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များအနေနဲ့ ကိုယ့်မြို့ကိုယ့်ရပ်ကွက်အား ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုးစား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယနေ့အချိန်အထိ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ ၆ဦရှိပြီး ၂ ဦးမှာ သေဆုံးသွားကြောင်း၊ ရောဂါဖြစ်ပွားမှု များပြားလာပါက သီးသန့် လူနာထားရှိနိုင်ရေးအတွက် Quarantine၊ Centre ဖွင့်လှစ်နိုင်ရေး လိုအပ်သည်များ ဖြည့်စည်းပေးနိုင်ရေးအတွက် ကြိုတင်စီမံ ဆောင်ရွက်ထားရှိရန် လိုအပ်ပါကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေဖြင့်လည်း မိမိရပ်ကွက်အတွင်း ပြည်ပမှ ပြန်လာသူများရှိပါက တာဝန်ရှိသူများ ထံသို့ သတင်းပေးပို့သွားရန် လိုအပ်ကြောင်း၊ " စသည်ဖြင့် ပြောကြားခဲ့သည်။ ဆက်လက်၍ ကျန်းမာရေးဦးစီးဌာနမ ဒေါက်တာသီသီလတ် ကလည်း ကိုဗစ်- ၁၉ ရောဂါဖြစ် ပွားမှုအခြေအနေများ၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ဆွေးနွေးပြောကြားခဲ့သည်။

 

ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖအဖွဲ့များ၊ မိုးစေတနာပရဟိတ အဖွဲ့တို့မှ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသူများမှ ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

 

လှလှထွေး