ဇေယျာသီရိ ဇွန် ၁၈
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများစုပေါင်း၍ Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက ပြည်စံအောင်ဈေးနှင့် ရန်ကုန်-မန္တလေးလမ်းဟောင်း၌ ပြုလုပ်ခဲ့သည်။
Mask Campaign ပြုလုပ်မှုတွင် ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့ဝင် ဗိုလ်မှူးဝင်းထင် ဦးဆောင်၍ ဌာနဆိုင်ရာများ ၊ တိုင်းကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် ခရိုင်မြို့နယ်များမှ တပ်ဖွဲ့ဝင်များက ဈေးအတွင်းနှင့် လမ်းမပေါ်သွားလာနေသော ပြည်သူများကို နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခြင်းနှင့် COVID- 19 ရောဂါအကြောင်း အသိပညာပေး တေးသရုပ်ဖော်များကို ကပြခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)