နောင်ချို ဇွန် ၁၈
ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းထွေးက Talk Show ဆွေးနွေးပွဲများ ဆောင်ရွက်ပေးခြင်းကြောင့် Online မှတစ်ဆင့်ပြည်သူလူထုအား ဗဟုသုတများ ဖြန့်ဝေပေးနိုင်ကြောင်း ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးပေါင်ခန်လန်က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်၊ ရည်ရွယ်ချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ လုပ်ပိုင်ခွင့်နှင့်လုပ်ငန်းတာဝန်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နောင်ချိုမြို့နယ်အနေဖြင့် Talk Show ဆွေးနွေးပွဲများကို ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ လစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ထွေးငယ်၊ ပြန်/ဆက်