ကော့ကရိတ် ဇွန် ၁၈
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများအား စာပေဗဟုသုတ ပြည့်စုံစေရန်၊ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများကို ဝန်ထမ်းများအနေဖြင့် သိရှိပြီး လိုက်နာဆောင်ရွက်နိုင်ရန်၊ အချင်းချင်းဝိုင်းဖွဲ့ဆွေးနွေးခြင်းဖြင့် အတွေးအခေါ် အသိအမြင်များ ရရှိပြီး ပြန်လည်မျှဝေတတ်စေရန် ရည်ရွယ်၍ နိုင်ငံပိုင်သတင်းစာတွင် ပါရှိသည့် နိုင်င်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် (၁၁)နာရီအချိန်က အဆိုပါခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာစာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လှလှနွယ်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော ဝန်ထမ်းများက နိုင်ငံပိုင်သတင်းစာတွင် ပါရှိသည့် နိုင်ငံဝန်ထမ်း ကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ၊ နိုင်ငံ့ဝန်ထမ်းများထားရှိရမည့် စံတန်ဖိုးသတ် မှတ်ချက်(၈)ချက်ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးကြရာ ခရိုင်ဦးစီးအရာရှိက လိုအပ်သည်များကို ပြန်လည် ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ် -၁၉ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စောအောင်မျိုးလွင် (ပြန်/ဆက်)