ဥတ္တရသီရိမြို့နယ် ပန်းတင်ကျေးရွာတွင် မြစိမ်းရောင် အရင်းမပျောက် လည်ပတ်ရန်ပုံငွေထုတ်ချေးပေး

ဥတ္တရသီရိ    ဇွန်   ၁၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ မိသားစုစားဝတ်နေရေး အဆင်ပြေစေရေးအတွက် ယနေ့ နံနက် ၁၀ နာရီက တတိယအကြိမ်မြောက် မြစိမ်းရောင်အရင်း မပျောက်လည်ပတ် ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ဥတ္တရသီရိမြို့နယ်၊ပန်းတင်ကျေးရွာတွင် ဆောင်ရွက်ခဲ့သည်၊၊

ထိုသို့ဆောင်ရွက်ရာတွင် နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်း ဦးစီးမှူး၊ မြို့နယဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြစိမ်းရောင်အရင်း မပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးရေးကော်မတီဝင်များက ကျေးရွာအတွင်းရှိ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၆၂) ဦးအတွက် ငွေကျပ် (၁၇၅) သိန်း၊ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ (၁၀) ဦးအတွက် ငွေကျပ် (၃၄)သိန်း၊ အရောင်းအဝယ် လုပ်ကိုင်သူ (၃၆) ဦးအတွက် ငွေကျပ်( ၁၁၇) သိန်း စုစုပေါင်း လုပ်ငန်းလုပ်ကိုင်သူ (၁၀၈) ဦးအတွက် ငွေကျပ် (၃၂၆)သိန်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေးပေးခဲ့သည်။

          ဥတ္တရသီရိမြို့နယ်အနေဖြင့် မြစိမ်းရောင် အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေး ပေးသည့် ကျေးရွာ စုစုပေါင်း (၁၈)ရွာရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

အောင်ကို(ပြန်/ဆက်)