နောင်ချို ဇွန် ၁၈
ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်ရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါကူးစက်မှုမှ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ နောင်ချိုမြို့ သဖန်းကိုင်းပရဟိတကျောင်းတွင် Quaratine စင်တာဖွင့် လှစ်၍ ပြင်ဆင်ထားရှိကြောင်း သိရသည်။
အဆိုပါ Quaratine စင်တာကို မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၏ ကြီးကြပ်မှု၊ ပရဟိတအဖွဲ့များ၏ စီစဉ်ဆောင်ရွက်မှု၊ သဖန်းကိုင်းပရဟိတဆရာတော်၏ ခွင့်ပြုပေးမှု တို့ဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့ပြီး မိမိတို့မြို့နယ်အတွင်းသို့ အကြောင်းအမျိုးမျိုးဖြင့် ဝင်ရောက်လာသော Quaratine ဝင်ရောက်ရန် လိုအပ်သူများကို Quartaine ထားရှိနိုင်ရန် ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။
ထွေးငယ်၊ ပြန်/ဆက်