ရွှေကူမြို့၌ ၂၀၂၁ ခုနှစ် မိုးရာသီ တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ရွှေကူ ဇွန် ၁၈

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် သစ်တောဦးစီးဌာနနှင့် ဒေသနေ ပြည်သူတို့  ပူးပေါင်း၍  သစ်တော သစ်ပင်များကို ပြုစုပျိုးထောင်ခြင်းဖြင့် အနာဂတ် မျိုးဆက်သစ်များ သာယာလှပသည့် အနာဂတ် ဘဝများရရှိစေရန်၊ သစ်တော သယံဇာတများ ပြုစုပျိုးထောင်ပေးရန်၊ တစ်ပင်စိုက်လျှင် တစ်ပင်ရှင်ရမည်၊ “သင့်အတွက်သစ်ပင်” ရှင်အောင်စိုက်ပျိုး၊  ကြီးအောင်ပြုစု၊ မြဲအောင် ထိန်းသိမ်းပေးရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ်၊  မိုးရာသီတစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုး ပွဲတော် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဗန်းမော်−ရွှေကူ−ငအိုးလမ်း (အောက်လေးလမ်းဆုံ) ရွှေကူကြိုးဝိုင်း အကွက်အမှတ်(၃၁)အတွင်း ကျင်းပပြုလုပ် ခဲ့သည်။

အဆိုပါ မိုးရာသီတစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲတော်တွင် မြို့နယ်သစ်တော ဦးစီးဌာန၊ မြို့နယ် ဦးစီးအရာရှိ ဦးထွန်းသန်းဦးက ပျိုးပင်များအား ဒေသနေ ပြည်သူများထံသို့ အသီးသီးပေးအပ်ပြီး ဒေသနှင့် ကိုက်ညီသည့် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ ကံ့ကော်၊ မန်ဂျန်ရှား၊ ခရေ စသည့် ပျိုးပင်ပေါင်း (၁၃၂၀)ပင်ကို သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ ဒေသခံပြည်သူများ ပူးပေါင်း၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှူး၏  ညွှန်ကြားချက်များနှင့်အညီ စုပေါင်းစိုက်ပျိုးခဲ့ကြောင်း မြို့နယ် သစ်တော ဦးစီးဌာန ဦးစီးအရှာရှိထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)