နမ့်စန်တွင် အား/ကာကော်မတီဥက္ကဋ္ဌဖလား ၂၅ နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ အုပ်စု မဲနှိုက် ရွေးချယ်
Jun 18,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၁ခုနှစ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ အုပ်စု မဲနှိုက် ရွေးချယ်ပွဲကို ယနေ့နေ့လည် ၁နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးဇေယျာဟန်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုလက်ထောက်ကြီးကြပ်ရေးမှူး ဦးအေးချမ်းနိုင်နှင့်မြို့နယ်အား/ကာ ကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူနှင့် နည်းပြများ တက်ရောက်ခဲ့ကြသည်။