Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
လွိုင်လင်မြို့နယ်တွင် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်
Sep 20,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်ရဲတပ်ဖွဲ့မှ အောက်တိုဘာလ (၁)ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး တင့်ဇော်ဦး ဦးဆောင်ကာ ပြည်သူ့အကျိုးပြုလုပ်ငန်းဖြစ်သော ပေါင်းမြက်/အမှိုက်များအား ရှင်းလင်းခြင်း၊ သစ်ပင်/ခြုံနွယ်များအား ခုတ်ထွင်ရှင်းလင်းပေးခြင်း တို့အား စက်တင်ဘာလ (၁၉)ရက်နေ့ နံနက် ၇ နာရီအချိန် က ကုတင်(၂၀၀)ဆန့် ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း တပ်ဖွဲ့ဝင်များမှပူးပေါင်းကာ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ် မိုင်းပတ်ကျေးရွာတွင် Mask၊ Face Shield နှင့် အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Sep 20,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ် မိုင်းပတ်ကျေးရွာတွင် မြို့နယ်အရန်မီးသတ်တပ်ရင်းက အလှူရှင်၊ စေတနာရှင်ပြည်သူများနှင့် ပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် Mask၊ Face Shield နှင့် အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက် ၇ နာရီ က ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့ပေါ်ရှိ စားသောက်ဆိုင်များ၊ လ္ဘက်ရည်ဆိုင်များအား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် လိုက်နာစေရေး ညှိနှိုင်းဆွေးနွေး
Sep 20,2020
ကျောက်မဲခရိုင်၊ နောင်ချိုမြို့ပေါ်ရှိ စားသောက်ဆိုင်များ၊ လ္ဘက်ရည်ဆိုင်များအား သတ်မှတ် ထားသောစည်းကမ်းချက်များ လိုက်နာစေရေး ညှိနှိုင်းဆွေးနွေးခြင်းကို စက်တင်ဘာလ (၁၉)ရက်နေ့ နံနက် ၉:၃၀ နာရီအချိန် က နောင်ချိုမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လောင်းမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ထပ်မံပေးအပ်
Sep 20,2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားအိမ်ထောင်စုများအတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေများ ထောက်ပံ့ပေးလျက်ရှိရာ စက်တင်ဘာလ (၁၉)ရက်နေ့ က ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ပြည်သူများလယ်ဝယ်အရောက် တတိယအကြိမ် ထပ်ဆင့်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်တောမြို့ နယ် ကျောက်ဂူကျေးရွာအုပ်စုအတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများ အား လူမှုရေးပင်စင်ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ထောက်ပံ့
Sep 20,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့၊ ကျောက်ဂူကျေးရွာအုပ်စုတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် (ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလ) အတွက် နိုင်ငံတော်မှ ချီးမြှင့်ထောက်ပံ့သည့် လူမှုရေးပင်စင် ခံစားခွင့်ရရှိသော အသက် (၈၅) နှစ် နှင့်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများကို စက်တင်ဘာလ (၁၉)ရက်နေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Sep 20,2020
ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို ယမန်နေ့ညနေပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး လိုက်လံအသိပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDPs စခန်းများမှ တိုက်ပွဲရှောင်အိမ်ထောင်စု (၈၅၅)စုအတွက် ငွေကျပ်သိန်း ၃၄၀ကျော် ပေးအပ်ထောက်ပံ့
Sep 20,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDPs စခန်းများမှ တိုက်ပွဲရှောင်အိမ်ထောင်စု (၈၅၅) အိမ်ထောင်စုအတွက် စုစုပေါင်း ငွေကျပ်၃၄၂၀၀၀၀၀ကို စက်တင်ဘာလ (၁၉) နေ့ နံနက်ပိုင်းက ကွတ်ခိုင်မြို့၊ မြို့နယ်ပြည်သူ့ဝန်ဆောင်မှုရုံး၌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုင်းညီလောင်းနှင့် တာဝန်ရှိသူများပေးအပ်ရာ IDPs စခန်းများမှ စခန်းတာဝန်ခံများက လက်ခံရယူသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ထောက်ပံ့ငွေဖြင့် နိုင်လွန်ကတ္တရာခင်းခြင်း လုပ်ငန်းဆောင်ရွက်
Sep 20,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ရန်ပုံငွေကျပ် (၁၁၇၂.၅၀)သန်းဖြင့် လမ်းမတော်လမ်းထိပ်မှ စတင်၍ သိန္နီလမ်း (မြို့မဈေးလမ်း)တစ်လျှောက်မှ သုခလမ်းဆုံအထိ ကတ္တရာကွန်ကရစ် (နိုင်လွန်ကတ္တရာ) ခင်းခြင်းလုပ်ငန်းကို စက်တင်ဘာလ ၁၉ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28007
Page
28008
Page
28009
Page
28010
Current page
28011
Page
28012
Page
28013
Page
28014
Page
28015
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department