အောင်မြေသာစံမြို့နယ် ကြက်ခြေနီအသင်းခွဲမှကြီးမှူး၍ နှာခေါင်းစည်း (Mask) များ အခမဲ့ပေးဝေ
Sep 21,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်စေရေး လူတိုင်းက နှာခေါင်းစည်း (Mask)များ တပ်ဆင်သွားလာကြစေရန်အတွက် အောင်မြေသာစံမြို့နယ် ကြက်ခြေနီအသင်းခွဲမှကြီးမှူး၍ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်း၍ နှာခေါင်းစည်း (Msak) များ အခမဲ့ပေးဝေခြင်းကို ယနေ့နံနက် ၇ နာရီခွဲကစတင်၍ အောင်မြေသာစံမြို့နယ်၊ အမရဌာနီ အရှေ့ရပ်ကွက် ၁၂ လမ်းနှင့် ၇၆ လမ်းထောင့် ကျုံးဘေး၌ ပြုလုပ်ကြသည်။