၂၀၂၁ ခုနှစ် မိုးရာသီ လူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော် ဘူးသီးတောင်မြို့၌ ကျင်းပ

ဘူးသီးတောင်  ဇွန် ၂၁

 

 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် သစ်​​တောသစ်ပင်စိမ်းလန်းစိုပြေရေး၊ သစ်တော ဖုံးလွမ်းမှု ကောင်းမွန် လာစေရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုမျှတ၍ ဂေဟစနစ်များ ကောင်းမွန်လာစေရန် ရည်ရွယ်​ ပြီးဘူးသီးတောင်မြို့နယ်သစ်တောဦးစီးဌာနမှကြီးမှူး၍ မိုးရာသီလူထု စုပေါင်းသစ်ပင် စိုက်ပျိုးပွဲ တော်ကို ဘူးသီးတောင်မြို့ အမှတ် (၁) ရပ်ကွက် ၊ဂန္ဓာရီဘုန်းတော်ကြီးကျောင်း အနောက်ဖက်တောင်ကုန်း၌ ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြု လုပ်ခဲ့သည်။

 

 

အဆိုပါသစ်ပင်စိုက်ပွဲတွင် ဘူးသီးတောင်တပ်နယ်မှူးဗိုလ်မှူးကြီးတင်မိုးနိုင်နှင့် တပ်ရင်းတပ်ဖွဲ့မှူးများ၊ မြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးကျန်အေးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊အမျိုးသမီးရေးရာနှင့်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်းများစုစု​​ပေါင်းအင်အား (၁၃၀)ဦးတို့က မိုင်ဂျန်ရှား (၂၀၀) ပင် ၊ကျွန်း (၂၀၀)ပင် ၊ပျဉ်းကတိုး( ၂၀၀)ပင် ၊အော်ရေးရှား (၂၀၀)၊ရေမနီ( ၂၀၀)ပင်၊ ရေတမာ (၂၀၀)ပင်  စုစုပေါင်း (၁၂၀၀) ပင်အားသတ်မှတ်နေရာများတွင်စိုက်ပျိုးပေးခဲ့ကြကြောင်းသိရသည်။

 

 မြို့နယ်သစ်တော ဦးစီးဌာနအနေဖြင့် ၂၀၂၁ ခုနှစ်မိုးရာသီတွင်စိုက်ပျိုးနိုင်ရေးအတွက် မန်ဂျန်ရှား ၊ ကျွန်း ၊ ပျဉ်းကတိုး၊ အော်ရေးရှား၊ ရေမနေ ၊ ရေတမာ ၊ စုစုပေါင်း (၃၀၀၀၀) ပင်အား ပျိုးထောင် ထားလျက်ရှိပြီး စာသင်ကျောင်းများ၊ဌာနဆိုင်ရာများ၊တပ်ရင်း/တတပ်ဖွဲ့များသို့ဖြန့်ဝေသွားမည်ဖြစ်ကြောင်းမြို့နယ်သစ်တောဦးစီးဌာန တောအုပ်ဦးလှရွှေက ပြောကြားသည်။

 

 

မြို့နယ်(ပြန်/ဆက်)