ငါန်းဇွန်မြို့နယ် နဘဲပင်ကျေးရွာမူလွန်ကျောင်းဝင်းအတွင်း မီးလောင်မှုဖြစ်ပွား

ငါန်းဇွန်    ဇွန်  ၂၀

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် သူနတ်စစ်ကျေးရွာအုပ်စု နဘဲပင်ကျေးရွာမူလွန် ကျောင်းဝင်းအတွင်းရှိ စာသင်ဆောင်တွင် ယနေ့ နံနက် ၁ နာရီက မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်တွင် ကျောင်းဝင်းအတွင်းရှိ (အလျားပေ ၃၀၊ အနံပေ၂၀)ရှိ ထန်းရွက်မိုး၊ အကာမဲ့၊ မြေစိုက် စာသင်ဆောင် မီးလောင်မှုဖြစ်ပွားရာ ကျေးရွာရှိ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပြည်သူများ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ပြီး လူနှင့်တိရိစ္ဆာန် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း၊ မီးလောင်မှုနှင့်ပတ်သက်၍ ငါန်းဇွန်မြို့မရဲစခန်းမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။            

သက်နောင်ဦး(ငါန်းဇွန်)