မင်းလှမြို့တွင် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
Jun 21,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် အစိုးရပါဠိပထမပြန် စာမေးပွဲတွင် အောင်မြင်ခဲ့ သော စာအောင်သံဃာတော်များနှင့် သီလရှင်တို့အား အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထု ဆက်ကပ်လှူဒါန်းခြင်း (စူဠဘွဲနှင်းသဘင်) အခမ်းအနားကို အမှတ် (၆)ရပ်ကွက်၊ မြို့လယ်ဓမ္မာရုံ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။