သတင်းများ

ခရမ်းမြို့နယ်အတွင်းရှိ မသန်စွမ်းများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ထောက်ပံ့ငွေများပေးအပ်
Sep 21,2020
ရန်ကုန်‌တောင်ပိုင်းခရိုင် ခရမ်းမြို့နယ်အတွင်းရှိ ကိုဗစ်ကာလအတွင်း ကိုယ်အင်္ဂါမသန်စွမ်းသူများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို စက်တင်ဘာ ၁၈ ရက်နေ့ နံနက် ပိုင်းမှ စတင်ကာ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့‌ပေးလျက်ရှိ‌ကြောင်း သိရသည်။
အင်္ဂပူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့ဝင်ဂိတ်များ၌ ကျန်းမာရေး စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်
Sep 21,2020
ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်အတွင်းရှိ မြို့ဝင်/မြို့ထွက် ဂိတ်များတွင် စစ်ဆေးရေးဂိတ်များ ထားရှိပြီး ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရေးကို အဓိကထား၍ နေ့စဉ်နံနက် ၆ နာရီမှစတင်ကာ ကျန်းမာရေးဝန်ထမ်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အလေးထားကြပ်မတ် ဆောင်ရွက်ခြင်းအား ယ‌နေ့နံနက် ၉ နာရီက အင်္ဂပူမြို့နယ် ချောက်ရွာအဝင် စစ်‌ဆေးရေးဂိတ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုက်မရောတွင် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်
Sep 21,2020
မွန်ပြည်နယ်၊ကျိုက်မ​ရော မြို့နယ်တွင်​ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ​ရောဂါ ကာကွယ် ထိန်းချုပ်​ရေးအတွက် Mask Campaign ​ဆောင်ရွက်မှုကို ယ​နေ့နံနက် ၉နာရီ ခန့်ကကျိုက်မ​ရောမြို့အဝင် ထန်းပင်တန်းလမ်းဆုံနှင့် လူအများ ဝင်ထွက်သွားလာ​နေသည့်​ နေရာများ၌ ပြုလုပ်ခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း အမှတ်(၁၁)ရပ်ကွက်ရှိ အိမ်ထောင်စုများ အဆင်ပြေစေရန် စားသုံးကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်း
Sep 21,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း အမှတ်(၁၁)ရပ်ကွက်ရှိ အမှန်တကယ်လိုအပ်လျက်ရှိသော အိမ်ထောင်စုများအား ဆန်၊ ဆီ၊ ဆား၊ ကြက်ဉ၊ ကြက်သွန်၊
ညောင်တုန်း၌ ဈေးများအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Sep 21,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ ဈေးများတွင် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိကို မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့တို့က ယနေ့ နံနက် ၆ နာရီခွဲတွင် မြို့မဈေးကြီး၌ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
အင်းစိန်မြို့နယ်အတွင်းရှိ စက်ရုံများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိ လိုက်လံစစ်ဆေး
Sep 21,2020
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ စက်ရုံများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် ထားမှု ရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီက လိုက်လံ စစ်ဆေးခဲ့သည်။
သဲကုန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် စျေးများကို ခေတ္တယာယီပိတ်ထား
Sep 21,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးများ အား ကိုဗစ်−၁၉ ရောဂါ ကူးစက်မှုမြန်ဆန်ကာ ရောဂါပိုးတွေ့ရှိသူ ပိုမိုများပြားလာသည့်အတွက် စက်တင်ဘာလ(၂၂)ရက် အင်္ဂါနေ့မှစပြီး ခေတ္တယာယီပိတ် ထားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာ အဖွဲ့ထံမှ သိရှိရသည်။
ထီးချိုင့်မြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင် ထောက်ပံ့ခြင်းနှင့် မသန်စွမ်း သူများအား ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပ
Sep 21,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အသက် (၈၅) နှစ်အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့်