နတ်တလင်း ဇွန် ၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့တွင် ဇွန် ၁၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော အိုလံပစ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် ထူးချွန်အောင်မြင်စွာ အနိုင်ရရှိခဲ့သော အားကစား သမားများအား ဆုများပေးအပ်ပွဲကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်အားကစားကွင်းပွဲကြည့်စင်၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများနှင့် အားကစား ဝါသနာရှင်များ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြပြီး ပြိုင်ပွဲအသီးသီးတွင် ပထမ၊ ဒုတိယ၊ တတိယဆုများရှိခဲ့ကြသော အားကစားအဖွဲ့များကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထားထားဦး