Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ကုန်းတွင်းမုန်တိုင်းငယ်သည် မြဝတီမြို့အနီး ဖြတ်ကျော်နိုင်သည့်အတွက် သတိပေးချက်များ ကျယ်ကျယ်ပြန့်ပြန့် နှိုးဆော်
Sep 20,2020
ထိုင်းနိုင်ငံပေါ်တွင် ရောက်ရှိနေသော အပူပိုင်းမုန်တိုင်းနို(လ်)(NOUL)သည် ယမန်နေ့ မြန်မာစံတော် ချိန် ၅ နာရီ ၃၀ အချိန် တိုင်းထွာချက်များအရ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် အားပျော့သွားခဲ့ပြီး အနောက်ဘက်သို့ ဆက်လက် ရွေ့လျားကာ ကရင်ပြည်နယ်၊ မြဝတီမြို့အနီးမှ လေဖိအားနည်းရပ်ဝန်းအဖြစ် ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းချက် အား မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့်ကာလအတွင်း အခြေခံစားသောက်ကုန်များ လှူဒါန်း
Sep 20,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အခြေခံစားသောက်ကုန် ပစ္စည်းများလှူဒါန်းခြင်းကို စက်တင်ဘာ ၁၈ ရက်နေ့ ညနေ ၄ နာရီ က မြို့သစ်အနောက်ပိုင်းရပ်ကွက်နှင့် ပြလင်းကျေးရွာအုပ်စု ရွာသစ်ကြီးကျေးရွာတို့တွင် သွားရောက် လှူဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်
Sep 20,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၌ (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ယမန်နေ့ နံနက်ပိုင်းက ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကြီးမြို့၌ ၅၆ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း
Sep 20,2020
၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၆) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှကြီးမှူး၍ စုပေါင်းသွေးလှူဒါန်းပွဲ ကို ယမန်နေ့နံနက် ၉ နာရီအချိန် က တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပန်မြို့တွင် ကိုဗစ်-၁၉ ကာလ ကာကွယ်၊ ထိန်းချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် ထောက်ပံ့ ငွေများပေးအပ်
Sep 20,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ယနေ့ နံနက် (၈) နာရီအချိန်ခန့်ကစတင်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်တွင် ပရဟိတအသင်းများနှင့် စေတနာ့၀န်ထမ်း (Volunteer)များအား စက်သုံးဆီဖိုးငွေများနှင့် ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့
Sep 20,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါ၀င်သော ပရဟိတအသင်းများနှင့် Facility Quarantine Centre များ တွင် တာ၀န်ထမ်းဆောင်နေသော စေတနာ့၀န်ထမ်း (Volunteer) များအား လူမှု၀န်ထမ်းဦးစီးဌာနမှ စက်သုံးဆီဖိုးငွေ ထောက်ပံ့ခြင်းနှင့် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ကာကွယ်ရေးပစ္စည်းများထောက်ပံ့ခြင်းကို စက်တင်ဘာ ၁၈ ရက် နေ့လည်(၂)နာရီ က သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အမာမြို့၊ ဗန္ဓာပင်ကျေးရွာတွင် မိုးသက်လေပြင်းတိုက်ခတ်ပြီး ပင်လယ်ဒီရေမြင့်တက်မှုကြောင့် လူနေအိမ်(၁)လုံး ပြိုကျပျက်စီး
Sep 20,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ဗန္ဓာပင်ကျေးရွာ၌ ယနေ့ နံနက် (၂)နာရီခွဲအချိန်တွင် မိုးသက်လေပြင်းတိုက်ခတ်ပြီး ပင်လယ်ဒီရေများ မြင့်တက်လာခြင်းကြောင့် လူနေ အိမ်(၁)လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်
Sep 20,2020
ဟင်္သာတမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် တတိယ အကြိမ် ပေးအပ်သည့် ထောက်ပံ့ငွေများကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် တာဝန်ရှိသူများက သက်ဆိုင်ရာရပ်/ကျေးအုပ်ချုပ် ရေးမှူးနှင့် ကော်မတီများထံ ထုတ်ပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28010
Page
28011
Page
28012
Page
28013
Current page
28014
Page
28015
Page
28016
Page
28017
Page
28018
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department