ဘားအံမြို့နယ်တွင် ရှေးဦးပြုစုခြင်း(အခြေခံ) မွမ်းမံသင်တန်း (၁/၂၀၂၁) သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်

ဘားအံ ဇွန် ၂၀

ကရင်ပြည်နယ် ဘားအံမြို့တွင် ဘားအံမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း (အခြေခံ) မွန်းမံသင်တန်း (၁/၂၀၂၁)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က  ဘားအံမြို့နယ် ကြက်ခြေနီ အသင်းခွဲရုံးတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကရင်ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးခွန်ကျော်ဝင်းနှင့် မြို့နယ်ကြက်ခြေနီ အသင်းဥက္ကဋ္ဌ ဦးသောင်းထွန်းတို့က ယခုမွန်းမံသင်တန်းမှရရှိသည့် ပညာရပ်များကို ရပ်တန့်မထားပဲ ဆက်လက် လေ့လာကြစေလိုကြောင်း၊ ကြက်ခြေနီ၏ မူ(၇)ချက် နှင့်အညီ ဆောင်ရွက်စေလိုကြောင်း မူဘောင်(၇)ချက်အတွင်း ကြက်ခြေနီရဲ့ မွန်မြတ်တဲ့လုပ်ရပ်များကို ဆောင်ရွက်ကြစေလိုကြောင်း အမှာစကားပြောကြား ခဲ့သည်။

ဆက်လက်၍ ကရင်ပြည်နယ် ကြက်ခြေနီတပ်ဖွဲ့မှူး  ဦးမြင့်နိုင်နှင့် ဘားအံမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဇေယျာမိုးမြင့်တို့က မွန်းမံသင်တန်း ဖွင့်လှစ်ခဲ့မှု အခြေအနေများနှင့် ကြက်ခြေနီတပ်ဖွဲ့၏ ရှေ့ဆက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းတွင် ထူးချွန်ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့် ခဲ့ကြသည်။

ဆိုပါသင်တန်းတွင် ကြက်ခြေနီအခြေခံမူများ၊ ရှေးဦးပြုစုခြင်း သဘောတရားနှင့် ရှေးဦးပြုစုသူများ၏ တာဝန်ဝတ္တရားများ၊ ရှေးဦးပြုစုခြင်း အခြေခံအသက်ကယ် အထောက်အကူပြုနည်းများကို စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြောင်းနှင့် ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာတို့မှ သင်တန်းသား၊ သင်တန်းသူ(၃၂)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)