သတင်းများ

ကျိုက်လတ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာများကို ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးနှင့်အညီ စနစ်တကျထုတ်ပေး
Sep 21,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့ နံနက်ပိုင်းမှစ၍ အငြိမ်းစား ပင်စင်လစာများ ထုတ်ပေးလျက်ရှိသည်။ ထိုသို့ထုတ်ပေးရာတွင် ယခုဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ကူးစက်ရောဂါ နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်သည့် အနေဖြင့် လူစုလူဝေးမဖြစ်ပေါ်စေရန် ကျန်းမာရေး ဦးစီးဌာန၏ ညွှန်ကြားချက် နှင့်အညီ စနစ်တကျ စီစဉ်ဆောင်ရွက်ထားရှိခြင်း၊ လက်ဆေးရန် နေရာနှင့် Hand Gel များ ထားရှိပေးပြီး နှာခေါင်းစည်း (Mask) များ မဖြစ်မနေ တပ်ဆင်လာကြရန် နှိုးဆော်ဆောင်ရွက် ထားရှိသည်။
မြင်းမူမြို့နယ်တွင် စတုတ္ထနှစ် မြစိမ်းရောင်ချေးငွေများ အိမ်တိုင်ရာရောက် လက်ရောက် ထုတ်ချေးပေး
Sep 21,2020
ကျေးလက်ဒေသနေပြည်သူများ ဆင်းရဲမှုလျှော့ချရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများအတွက် ရင်းနှီးမြုပ်နှံ လုပ်ကိုင် ဆောင်ရွက်နိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူ မြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက (စတုတ္ထနှစ်) မြစိမ်းရောင် ချေး ငွေများကို မြို့နယ်အတွင်းရှိ မေဂျာကျေးရွာသို့ ယမန်နေ့က သွားရောက် ထုတ်ချေး ပေးခဲ့ကြောင်း သိရှိရသည်။
ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ဓါတ်ခွဲအတည်ပြုလူနာများထားရှိရန် ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံတွင် ပြင်ဆင်လျက်ရှိ
Sep 21,2020
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ဓါတ်ခွဲအတည်ပြုလူနာများထားရှိရန် အတွက် ရန်ကုန်ပြည်ကားလမ်းဘေးရှိ ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံတွင် စက်တင်ဘာလ ၂၀ ရက်နေ့မှစတင်ပြီး ပြင်ဆင်လျက်ရှိသည်။
ပုလောမြို့နယ်၌ ပုံမှန်၀င်ငွေမရှိသော အခြေခံအိမ်ထောင်စု (၁၃၀၃၄) စုအတွက် (တတိယ အကြိမ်)ထောက်ပံ့ငွေများပေးအပ်
Sep 21,2020
ပုလောမြို့နယ်အတွင်း ပုံမှန်၀င်ငွေမရှိသော အခြေခံအိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများကို လက်၀ယ်အရောက် ပေးအပ်နိုင်ရေးအတွက် ထောက်ပံ့ငွေများ လွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် (၁၁) နာရီက ပုလောမြို့နယ်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ်သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများ တွင် အသုံးပြုနိုင်ရန် အလှူငွေများ၊ PPE ဝတ်စုံများနှင့် Mask များ လှူဒါန်း
Sep 21,2020
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူရှင်များမှ အလှူငွေ များ၊ PPE ဝတ်စုံများနှင့် Mask မျာ
ကလေးမြို့နယ်တွင် နှာခေါင်းစည်း (Mask) များ တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပရပ်ကွက်များအတွင်းသို့ သွားလာ လျက်ရှိသည့် ပြည်သူများအား ပူးပေါင်းအဖွဲ့များမှ စစ်ဆေးအရေးယူဆောင်ရွက်
Sep 21,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ် ကိုဗစ်-၁၉ ရောဂါ အရေးပေါ်တုံ့ပြန်ရေးနှင့် ထိန်းချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကလေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask) များ တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပရပ်ကွက်များ အတွင်းသို့ သွားလာလျက်ရှိသည့် ပြည်သူများအား ပူးပေါင်းအဖွဲ့များက စစ်ဆေးအရေးယူခြင်းကို ယနေ့နံနက် ၁၀ နာရီမှ စတင်ကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော (၁၀၇/၂၀၂၀) အမိန့်ကြေညာချက်များအား ပြည်သူများ သိရှိလိုက်နာ‌ နေထိုင်နိုင်ရေး လိုက်လံကြေညာ
Sep 21,2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁၊ပုဒ်မခွဲ (ခ) လုပ်ပိုင်ခွင့်အရ စက်တင်ဘာ ၂၀ ရက်နေ့ ထုတ်ပြန်ထားသော အမိန့်အမှတ်(၁၀၇/၂၀၂၀) အမိန့်ကြေညာချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်ရေးအတွက်