မင်းလှ ဇွန် ၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် အစိုးရပါဠိပထမပြန် စာမေးပွဲတွင် အောင်မြင်ခဲ့သော စာအောင်သံဃာတော်များနှင့် သီလရှင်တို့အား အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထု ဆက်ကပ်လှူဒါန်းခြင်း (စူဠဘွဲနှင်းသဘင်) အခမ်းအနားကို အမှတ် (၆)ရပ်ကွက်၊ မြို့လယ်ဓမ္မာရုံ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ဦးဓမ္မပီယနှင့် အတွင်းရေးမှူး ဆရာတော် ဦးတေဇနိယတို့က ဩဝါဒဆုံးမစကားများ မိန့်ကြားတော်မူခဲ့သည်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်က သာသနာရေးဆိုင်ရာကိစ္စရပ် များကို လျှောက်ထားသည်။
ထို့နောက် စာမေးပွဲတွင် အောင်မြင်ခဲ့သည့် ပထမကြီးတန်း(၁)ပါး၊ ပထမငယ်တန်း(၃)ပါး၊ အခြေပြု မူလတန်း (၁၁)ပါးတို့အား အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုများကို မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ဆက်ကပ်လှူဒါန်းခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ပေါက်စ