သတင်းများ

ဟိုမိန်းမြို့ မော်တော်ယာဉ်ဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး နံရံကပ်စာစောင်ပြသ
Sep 21,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ ပိုမိုသိရှိနားလည်စေရန်ရည်ရွယ်၍ ရှမ်းဘာသာဖြင့် ဖော်ပြထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး နံရံကပ် စာစောင်ကို ဟိုမိန်း(S.S.S) မော်တော်ယာဉ်ဂိတ်၌ ယမန်နေ့နံနက်ပိုင်းက ပြသထားကြောင်း သိရသည်။
မိုင်းပန်မြို့တွင် CERP အစီအစဉ်အရ တတိယအကြိမ်မြောက် ငွေကျပ်(၂၀၀၀၀) အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်
Sep 20,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း တတိယအကြိမ်မြောက် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စုတစ်စုလျှင် အခြေခံစားကုန် (၅)မျိုးအတွက် ငွေ(၂၀,၀၀၀)ကျပ်အား စက်တင်ဘာလ (၁၉)ရက်နေ့နံနက် (၇)နာရီအချိန် က စတင်၍ အိမ်တိုင်ရာရောက် ပြည်သူများ လက်ဝယ်သို့ပေးအပ်ခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌ CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသောစိုက်ခင်းများအား ပထမအကြိမ် မျိုးကွဲနုတ်ပယ်ခြင်းနှင့် ဒုတိယအကြိမ် မြေသြဇာထည့်သွင်းခြင်း ဆောင်ရွက်
Sep 20,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စီးပွားရေးကုစားမှု ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ တောင်သူ ဒေါ်နန်းသန်းသန်းဌေး ၏ လယ်ကွင်းတွင် COVID-19 Economic Relife Plan (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါး Rs to Cs မျိုးသန့်ပွား၊ မျိုးစေ့ထုတ်စိုက်ခင်းများအား ဖြစ်ထွန်းအောင်မြင်မှုရှိစေရန် အတွက် အပင်သက်တမ်းအလိုက် ထည့်သွင်းရမည့် မြေသြဇာထည့်သွင်းမှုနည်းစနစ်များအား ပညာပေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ပြသခြင်းကို ယမန်နေ့နံနက် ၇နာရီ က မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်နိုင် က ဦးဆောင်ပြီး လုပ်ကိုင်ဆောင်ရွက် ပြသခဲ့ကြောင်း သိရသည်။
(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလက(မြို့မ) ကျောင်းတွင် သန့်ရှင်းရေးဆောင်ရွက်
Sep 20,2020
၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည် စက်တင်ဘာလ (၁၉)ရက်နေ့ နံနက် ၇ နာရီမှ ၉ နာရီအချိန်အထိ လွိုင်မြေရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာ အလယ်တန်း ကျောင်း(မြို့မ) တွင်စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သိန္နီမြို့တွင် ရွေးကောက်ပွဲကော်မရှင်လုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 20,2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၁:၃၀ နာရီအချိန် က ကော်မရှင်လုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပသည်။
ဟိုပန်မြို့၌ (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် စုပေါင်းသန့်ရှင်ရေးဆောင်ရွက်
Sep 20,2020
(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် ဟိုပန်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုးပိုင်နှင့် မြို့နယ်ရဲတပ်ဖွဲမှူးရဲမှူး တင်နိုင်မိုး ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်အရာရှိနှင့် တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား (၅၅)ဦးသည် စက်တင်ဘာလ (၁၉)ရက်နေ့ နံနက် ၇ နာရီအချိန် က ပြည်သူ့ဆေးရုံးဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။
သိန္နီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 20,2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန် က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။
မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ် ၂ မှတစ်ဆင့် ဆီသယ်ဘောက်ဆာယာဉ်များ တောင်ကြီးသို့စေလွှတ်
Sep 20,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု တားဆီးကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် တာချီလိတ်မြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် ၂ မှတစ်ဆင့် နေ့စဉ်ကုန်စည်များ သယ်ယူဖြတ်သန်းနေကြသော မော်တော်ယာဉ်စီးရေများကို စက်တင်ဘာ ၁၇ ရက်နေ့မှစ၍ ကန့်သတ်လျှော့ချခဲ့ရာ လုပ်ငန်းများလည်ပတ်မှုကို ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် တာဝန်ရှိသူများက ယမန်နေ့က သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။