Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်
Sep 20,2020
ဟင်္သာတမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် တတိယ အကြိမ် ပေးအပ်သည့် ထောက်ပံ့ငွေများကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် တာဝန်ရှိသူများက သက်ဆိုင်ရာရပ်/ကျေးအုပ်ချုပ် ရေးမှူးနှင့် ကော်မတီများထံ ထုတ်ပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့၌ သိုလှောင်ရုံ၌ ထားရှိသည့် အရေးပေါ်ရိက္ခာစားဆီများအားစစ်ဆေး
Sep 20,2020
နိုင်ငံတော်အစိုးရဝယ်ယူသည့် နိုင်ငံတော်အရေးပေါ်ရိက္ခာဆီပုံး (၂၇၂၀) ပုံးကို မြစ်သားမြို့နယ် စိုက်ပျိုးရေး သုတေသနဦးစီးဌာန သိုလှောင်ရုံ၌ ယမန်နေ့ နံနက် (၁၀)နာရီက မြို့နယ်သိုလှောင်မှု ကြီးကြပ်ရေးအဖွဲ့ များက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြင်းခြံမြို့ရှိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအနက် တစ်ဦး ထပ်မံဆေးရုံဆင်းခွင့်ရ
Sep 20,2020
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ မြင်းခြံခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူ နေသော ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာများအနက် တစ်ဦးမှာ ရောဂါသက်သာ ပျောက်ကင်း၍ ယနေ့တွင် ဆေးရုံမှဆင်းခွင့်ပြုလိုက်ကြောင်း မြင်းခြံခရိုင် ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာထွန်းဝင်းထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြို့၌ စေတနာ့ဝန်ထမ်းအဖွဲ့များအား ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေး အထောက်အကူပြုလုပ်ငန်းများတွင်အသုံးပြုရန် အလှူငွေပေးအပ်လှူဒါန်း
Sep 20,2020
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး အထောက်အကူပြု လုပ်ငန်းများတွင် ဆောင်ရွက်လျက်သည့် စေတနာ့ဝန်ထမ်းအဖွဲ့ (၅)ဖွဲ့သို့ အထောက်အကူ လုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေပေးအပ်ခြင်းကို စက်တင်ဘာလ (၁၈) ရက်နေ့ညနေပိုင်း က ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်နှင့် ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများမှ လှူဒါန်းငွေ ၁၅၀၀၀ဝိကျပ်မှ သီးခြား၃၀၀၀ဝိကျပ်စီအား သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီသို့ ဒိန်းမတ်သံရုံးမှ mask (၁၅၀၀၀)ခုနှင့် အလှူရှင်များက အလှူငွေများလှူဒါန်း
Sep 20,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီသို့ ဒိန်းမတ်သံရုံးမှ တန်ဘိုးငွေ(၉၀)သိန်းခန့် တန်ဘိုးရှိ Reversible cloth mask (၁၅၀၀၀)ခုနှင့် ကွယ်လွန်သူဖခင်ကြီး ဦးမြင့်သိန်းအား ရည်စူး၍ သားသမီးများမှ အလှူငွေကျပ်(၁၁)သိန်း၊ ဒေါက်တာကျော်စွာဦးမှ အလှူငွေကျပ် (၂)သိန်း၊ Dr.ခင်ဂုဏ်ရည်ဝင်း၊ မောင်ဘုန်းပြည့်နိုင် (ကြက်တောင်လက်ရွေးစင် ကစားသမား) မှ အလှူငွေကျပ်(၁၀)သိန်း၊ ဦးအောင်လင်း+ဒေါ်စန်းစန်းမြင့် (မင်းဒင် ပဲငံပြာရည်) ဆ/ခ ရပ်ကွက် သင်္ဃန်းကျွန်းမှ
အပြည့်အစုံ ဖတ်ရန်
မြန်အောင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တစ်လုံး အမိုးလန်၊ လူနေအိမ်ပေါ်သို့ သစ်မကျီးပင်ပြိုလဲမှုဖြစ်ပွား
Sep 20,2020
မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တစ်လုံး အမိုးလန်ခြင်းနှင့် လူနေအိမ်ပေါ် သို့ သစ်မကျီးပင် ပြိုလဲမှုတို့ မြန်အောင်မြို့နယ်အတွင်း ယနေ့ နံနက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျေးသီးမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀/-နှုန်း တတိယအကြိမ် သွားရောက်ထောက်ပံ့
Sep 20,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား များအတွက် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်၂၀၀၀၀/-နှုန်းဖြင့် ယမန်နေ့ နံနက် ၁၀ နာရီက တတိယအကြိမ် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းနှင့် Mask များ ဖြန့်ဝေ
Sep 20,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ တောင်ငူ-လွိုင်ကော် ကားလမ်းမပေါ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် အထောက်အကူပစ္စည်းဖြစ်သည့် Mask များကို ယမန်နေ့ နံနက် ၉ နာရီအချိန်က လိပ်သိုမြို့ ပရဟိတလူမှုကူညီရေးအသင်း (MR Resue)မှ ပြည်သူ များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28011
Page
28012
Page
28013
Page
28014
Current page
28015
Page
28016
Page
28017
Page
28018
Page
28019
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department