တာလေမြို့တွင် မိုးရွာသွန်းမှုကောင်းမွန်ပြီး စိုက်ပျိုးရေလုံလောက်စွာရရှိသဖြင့် လယ်ယာများ အဆင်ပြေချောမွေ့စွာ စပါးစိုက်ပျိုးလျက်ရှိ

တာလေ   ဇွန်  ၂၁

၂၀၂၁ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီ ယခုနှစ် မိုးဦးကျကာလအတွင်း မိုးများအဆက်မပြတ် ရွာသွန်းပြီးနယ်မြေဒေသ၏ ရာသီဥတု သဟဇာသဖြစ်ကာ စိုက်ပျိုးရေလုံလောက်စွာရရှိသဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊တာလေမြို့ ဒေသအတွင်းရှိ လယ်ယာမြေများမှာ အဆင်ပြေချောမွေ့စွာ စပါးစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

တာလေမြို့တွင် ယခင်နှစ် “၂၀၂၀ ပြည့်နှစ်အတွင်းမိုးစပါးစိုက်ပျိုးရာသီမိုးဦးကျကာလအတွင်း ပြောင်းလဲလာသောရာသီဥတုနှင့် ဒေသ၏ ရာသီဥတုမှာ သဟဇာသမရှိပဲ မိုးရွာသွန်းမှုများ အားနည်းခဲ့ခြင်းကြောင့် ဒေသခံတောင်သူများမှာ စပါးစိုက်ပျိုးချိန် နောက်ကျ၍ စိုက်ပျိုးရခြင်း ကြောင့် စပါးအထွက်နှုန်း အနည်းငယ်လျော့နည်းကျဆင်းခြင်း‌များ” ဖြစ်ပေါ်ခဲ့ရသည်။

ယခုနှစ် “၂၀၂၁ ခုနှစ်  မိုးစပါးစိုက်ပျိုးရာသီ ယခုမိုးဦးကျကာလအတွင်း နယ်မြေဒေသ၏ ရာသီဥတုမှာ ဒေသနှင့်သဟဇာသရှိပြီး မိုးများအဆက်မပြတ် ရွာသွန်းပြီးစိုက်ပျိုးရေလုံလောက်စွာ ရရှိသဖြင့် အချို့လယ်‌မြေများက ဇွန်လ ပထမပတ်မှစတင်စိုက်ပျိုးလျက်ရှိပြီး တောင်သူများမှာ စိုက်ပျိုးရေလုံလောက်စွာရရှိသဖြင့်  လယ်စပါးများ အဆင်ပြေချောမွေ့စွာ စိုက်ပျိုးလျက်ရှိ ကြောင်း ” သိရှိရသည်။

အောင်ကျော်မိုး