ဝန်းသိုမြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

 

ဝန်းသို ဇွန် ၂၂ 

၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၇ နာရီခွဲအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ညောင်ပင်သာကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၃၀၂) ညောင်ပင်သာ ကွင်း အတွင်း ကျင်းပပြုလုပ်ခဲ့သည်။ 

သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် ကောလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့်အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး သိန်းထိဋ်၊ ခရိုင်သစ်တောဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြင့်နိုင်၊ ဝန်းသိုမြို့နယ် စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူများ စုစုပေါင်းအင်အား ၄၀၀ ဦးခန့်က ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ အော်ရေးရှား၊ ကုက္ကိုလ် စုစုပေါင်း ပျိုးပင် ၄၀၀ တို့ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။ 

ကျော်မြိုင်