တွံတေး ဇွန် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ကျွန်းတောရပ်ကွက်တွင် သက်ကြီးဘိုးဘွားများအား လူမှုရေး ပင်စင်ထောက်ပံ့ပေးအပ်ခြင်း ကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ထံမှ သိရှိရသည်။
တွံတေးမြို့နယ် အတွင်း၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် (၈၅)နှစ်အထက် အဘိုးအဘွား(၈၈၅)ဦးကို လူမှုရေးပင်စင်များ သုံးလ တစ်ကြိမ် ထောက်ပံ့ပေးအပ်လျက်ရှိရာ (၂၀၂၀-၂၀၂၁)ခုနှစ် ဘဏ္ဍာရေးနှစ်၊ တတိယသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်)အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေ(၃၀၀၀၀)ကျပ်ကို အိမ်တိုင်ရာရောက် ပေးအပ်လျက်ရှိပြီး တွံတေးမြို့နယ်၊ ကျွန်းတော်ရပ်ကွက်အတွင်းရှိ ဘိုးဘွား(၃၄)ဦးအား လူမှုရေးပင်စင် တစ်ဦးလျှင် (၃၀၀၀၀) ကျပ်နှုန်းဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများက ဘိုးဘွားများ၏ အိမ်တိုင် ရာရောက် ပေးအပ်လျက်ရှိကြောင်း သိရသည်။