ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂၀၂၀-၂၀၂၁) ခုနှစ် ဘဏ္ဍာရေးနှစ် စက်ရေတွင်း တွင်းနက်တူးဖော်ခြင်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရွှေတောင် ဇွန် ၂၂

ပဲခူးတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂၀၂၀-၂၀၂၁) ခု ဘဏ္ဍာ‌ရေးနှစ် တွင် အကောင်အထည်ဖော် ဆောင်ရွက်သော ပေါင်းချုပ်ကျေးရွာအုပ်စု၊ ညံ‌တောကြီးကျေးရွာ စက်ရေ တွင်း တွင်းနက်တူးဖော်ခြင်းလုပ်ငန်း အခြေအနေအား ယမန်နေ့ နံနက်ပိုင်းက သွားရောက်စစ်ဆေးခဲ့​သည်။

ပဲခူးတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လင်းအောင်နှင့် အဖွဲ့သည် ရွှေတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  (၂၀၂၀-၂၀၂၁)ခု ဘဏ္ဍာ‌ရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်သော ပေါင်းချုပ်ကျေးရွာအုပ်စု၊ ညံ‌တောကြီးကျေးရွာ စက်ရေတွင်း တွင်းနက်တူးဖော်ခြင်းလုပ်ငန်း အခြေအနေအား မြို့နယ်ဦးစီးမှူး၊ တာဝန်ခံအင်ဂျင်နီယာ ဝန်ထမ်းများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ ကြောင်း သိရသည်။

ကိုကိုမင်း