ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

ရှမ်းရွာသစ် ဇွန် ၂၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာအုပ်စာပေချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန်နှင့် စာပေမှရသောအသိပညာဗဟုသုတများကို အသုံးချတတ်စေရန်ရည်ရွယ်၍ စာရေးဆရာဖေမြင့် ရေးသားသော "အပြောင်မြောက်ဆုံးဘဝတစ်ခု တည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ အဖွဲ့ဝင်တစ်ဦးက  စာဖတ်ခြင်းအားဖြင့် အသိပညာဗဟုသုတကြွယ်ဝခြင်း၊ စာအုပ်စာပေများကို ဖတ်ရှုလေ့လာခြင်း အားဖြင့် အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားနိုင်ခြင်းတို့ကြောင့် စာဖတ်ဝိုင်းကို ပုံမှန်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း စသည်ဖြင့်ရှင်းလင်းပြောကြားပြီး စာရေးဆရာဖေမြင့်ရေးသားသော "အပြောင်မြောက်ဆုံးဘဝတစ် ခုတည်ဆောက်ခြင်း" စာအုပ်တွင် ပါရှိသော အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ရှမ်းရွာသစ်(ပြန်/ဆက်)