ရွှေကျင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask) တပ်ဆင်ရေး စစ်ဆေးဆောင်ရွက်

ရွှေကျင် ဇွန် ၂၂

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပ သွားလာသူများအား ယခုဝယ် ယခုတပ် စနစ်ဖြင့် ယနေ့ နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရွှေကျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ ရွှေကျင်မြို့နယ်အတွင်း  အဖွဲ့(၅)ဖွဲ့ခွဲကာ နေရာ(၅)နေရာ ဖြစ်သော ဗိုလ်စောအောင် ပန်းခြံရှေ့၊ မြို့မစျေးအနီး ရွှေညောင်ပင် ကယ်ရီဂိတ်၊ အ-ထ-က(တပ်နယ်)ကျောင်းရှေ့၊ ရွှေကျင်ချောင်းကူးတံတားထိပ်နှင့် မဒေါက်ကလေးတံတားထိပ်တို့တွင် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပသို့ သွားလာနေသူများအား ငွေ(၁၀၀၀)ကျပ်ဖြင့် နှာခေါင်းစည်း(၂)ခု ဝယ်ယူစေပြီး ယခုဝယ် ယခုတပ်စနစ်ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ထွန်းထွန်းဇော်