ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဌာနဆိုင်ရာများ၏ တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန်အတွက် လှိုင်းဘွဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် မြို့အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီ အချိန်ခန့်က ရှမ်းရွာသစ် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် လှိုင်းဘွဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသန်းက ဌာနဆိုင်ရာများအနေဖြင့် လုံခြုံရေးအထူးဂရုပြုဆောင်ရွက်ရေး၊ မြို့ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်တင်ရေး ဆောင်ရွက်ရေး၊ (၂၄)နာရီလျှပ်စစ်မီးရရှိရေး၊ မြို့သန့်ရှင်းသာယာလှပရေး၊ မြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ဌာနဆိုင်ရာများ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ပူးပေါင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း စသည်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး ဌာနဆိုင်ရာများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်(ပြန်/ဆက်)