ဟိုပုံးမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားကျင်းပ

ဟိုပုံး  ဇွန် ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အလုပ် သမားလူ ဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့နယ်ဦးစီးမှူးရုံးများ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက  အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဝန်ကြီးဌာနဟာ တိုင်းရင်းသား များနှင့် ဉပဒေအရ နိုင်ငံသားများကို ဥပဒေ၊ လုပ်ထုံးလုပ်ငန်းနည်းများနှင့်အညီ ပန်းခင်းစီမံချက်နဲ့ တိုင်းဒေသကြီး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ်၊ မေလ(၃)ရက် နေ့မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ(၃)ရက်နေ့အထိ(၁၈)လကြာဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင်  ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရတဲ့အတွက် ပြည်သူ များအနေဖြင့် လိုအပ်သော အထောက်အထားများ မှန်ကန်ပြည့်စုံဖြည့်သွင်း ဆောင်ရွက် ပေးကြဖို့နဲ့ ရရှိပြီးတဲ့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို စနစ်တကျကိုင်တွယ် ထိန်းသိမ်းကြဖို့လည်း တိုက်တွန်းမှာကြားခဲ့သည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၄) ဦးအောင်သွင်ဦးမှ ပန်းခင်းစီမံချက်ဖြင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ရာတွင် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက တပ်မတော်ကွန်ပျူတာ နှင့်နည်းပညာသိပ္ပံကျောင်းမှ စစ်သည်နှင့် မိသားစုများ၏ အိမ်ထောင်စုလူဦးရေစာရင်း(၃၄)စောင်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၅၂)စောင်နှင့် စငေါကျေးရွာအုပ်စုမှ ပြည်သူများ၏ အိမ်ထောင်စု လူဦးရေစာရင်း(၁၆၇)စောင်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၇၅)ကတ်တို့ ကိုလည်းကောင်း၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးလှဦးက စံဖူးကျေးရွာအုပ်စု ပြည်သူများ၏ အိမ်ထောင်စုလူဦးရေစာရင်း(၈၃)စောင်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၈၃)ကတ် တို့ကိုလည်းကောင်း၊ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၃) ဦးစိုင်းလိတ်က ပေါင်လင်း ကျေးရွာအုပ်စု ပြည်သူများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား(၁၀၆)ကတ်တို့ကို လည်းကောင်း၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးနေလင်းက လုံဟေးကျေးရွာအုပ်စု ပြည်သူမျာ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား(၉၅)ကတ် တို့ကိုလည်းကောင်း၊ ရှမ်းပြည်နယ် ဥပဒေချုပ် ဦးစိုင်းကျော်ဇံက ဆီဆိုင်မြို့နယ် ဘန်းယဉ်ကျေးရွာအုပ်စု ပြည်သူများ၏ အိမ်ထောင်စု လူဦးရေ စာရင်း(၅၁)စောင်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၆၁)ကတ်တို့ကိုလည်းကောင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု ပြည်သူများ၏ အိမ်ထောင်စု လူဦးရေစာရင်း(၅၆)စောင်နှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား(၁၂၀)ကတ်တို့ကိုလည်းကောင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး ဦးအောင်မြင့်က ပင်လောင်းမြို့နယ် မင်းဘူးကျေးရွာ အုပ်စု ပြည်သူများ၏ အိမ်ထောင်စုလူဦးရေ စာရင်း(၁၂)စောင်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား(၃၇၂)ကတ်တို့ ကိုလည်းကောင်း၊ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်(၄) ရဲမှူးချုပ် တင်ကိုကိုက ပင်လောင်းမြို့နယ်၊ နန်းပုလင်း ကျေးရွာအုပ်စု ပြည်သူများ၏ နိုင်ငံသား စိစစ်ရေးကတ်ပြား(၄၃၇)ကတ်တို့ကို လည်းကောင်း၊ တပ်မတော် ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်က ပင်လောင်းမြို့နယ်၊ နန်းပုလင်းကျေးရွာအုပ်စုရှိ ပြည်သူများ၏ အိမ်ထောင်စုလူဦးရေ စာရင်း(၂၁၈)စောင်တို့ကို အသီးသီးပေးအပ်ခဲ့ကြသည်။  ယင်းနောက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ပန်းခင်း စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ထုတ်ပေးမှုအတွက် ဒေသခံပြည်သူမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။

ဟိုပုံးခရိုင်(ပြန်/ဆက်)