ဒဂုံတောင် ဇွန် ၂၂
ရန်ကုန်တိုင်းဒေသကြီး ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community center ခန်းမတွင် ယမန်နေ့မွန်းလွဲ (၁၅:၀၀) နာရီအချိန်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို စာဖတ်ဂိုင်းနှင့် နံရံကပ်စာစောင် ပြပွဲ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းအေးက စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ပြောကြားခဲ့ပြီးတွင် မြို့နယ် ကြက်ခြေနီ တပ်စုမှူး ဦးဆန်းလွင်ဦးက စာရေးဆရာ ဒေါက်တာ ဝင်းဆွေရေးသားထားသော မူးယစ်သားကောင်အဖြစ်မှ လွတ်မြောက်ခြင်း စာအုပ်ထဲမှ တရားခံ ဘယ်သူလဲဟေ့ပြော ခေါင်းစဉ်ကို ဖတ်ကြား ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော စာဖတ်ပရိတ်သတ်များမှလည်း မူးယစ်ဆေးစွဲခြင်းအကြောင်း တစေ့တစောင်း ခေါင်းစဉ်ဖြင့် အပြန်အလှန် ဆွေးနွေး ပြောကြားခဲ့ပြီး ခန်းမအတွင်း ပြသထားရှိသော နံရံကပ်စာစောင်များ၊ ပိုစတာများ၊ အသိပညာပေး စာသားများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။