ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အစိုးရနိကာယ်စာမေးပွဲကျင်းပရာ စာဖြေသံဃာတော်များ ဝင်ရောက်ဖြေဆို

ဒဂုံအရှေ့ ဇွန် ၂၂

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ဗုဒ္ဓသာသနာထွန်းကားပြန့်ပွားစေရန် ရည်ရွယ်၍ အစိုးရနိကာယ် စာမေးပွဲကို အမှတ်(၁၃) ရပ်ကွက်၊ ကျန်စစ်သားလမ်းရှိ တိပိဋကမဟာဂန္တဝင်နိကာယ်ကျောင်းတိုက်၌ ယမန်နေ့မွန်းလွဲ (၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၂၁ခုနှစ် ၊ နိကာယ်စာမေးပွဲတွင် မဟာဝိဒူတန်းတွင်စာရင်းရှိ သံဃာတော်(၁၅) ပါး၊ ဝင်ရောက်ဖြေဆိုသူ သံဃာတော်(၁၃)ပါး၊ ဝိဒူတန်းတွင်စာရင်းရှိသံဃာ(၁၀၄)ပါး၊ ဝင်ရောက်ဖြေဆိုသူ သံဃာ(၇၃)ပါး၊ စုစုပေါင်း ဝင်ရောက်ဖြေဆိုသူသံဃာတော် (၈၆)ပါးရှိကြောင်း သိရသည်။

အဆိုပါ (၂၀၂၁)ခုနှစ်၊ နိကာယ်စာမေးပွဲကို ဇွန်လ(၂၁) ရက်နေ့မှ (၂၅)ရက်နေ့ထိ နေ့စဥ်မွန်းလွဲ (၁)နာရီမှ ညနေ(၅)နာရီထိ အုပ်စု(၁၊၂၊၃၊၄၊၅၊၈၊၉) အုပ်စုများခွဲ၍ မြို့နယ်အတွင်းရှိပရိယတ္တိ စာသင်တိုက်များမှ စာဖြေသံဃာတော်များ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အေးမဉ္ဇူ