အုတ်ဖို ဇွန် ၂၂
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု မဖြစ်ပေါ်စေရေးအတွက် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမတွင် ယနေ့ နံနက်ပိုင်းက အမျိုးသမီးကော်မတီ အစည်းအဝေး အခမ်းအနားကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးကိုကိုမောင်မှ အဖွင့်အမှာစကား ပြောကြားပြီး သာယာဝတီခရိုင် လူမှုဝန်ထမ်းရုံးမှ တာဝန်ခံဦးစီးအရာရှိ ဒေါ်မြတ်မြတ်စိုးက အမျိုးသမီးများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်စေရေး၊ အိမ်တွင်းအကြမ်းဖက်မှု မဖြစ်ပေါ်စေရေး၊ အမျိုးသမီးများအတွက် အိမ်တွင်းမှုသင်တန်းများ ဖွင့်လှစ် ထားရှိမှုများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသူများမှ သိလိုသည်များကို ဆွေးနွေးမေးမြန်းရာ သာယာဝတီခရိုင် လူမှုဝန်ထမ်းရုံးမှ ဦးစီးမှူး ဒေါ်မို့မို့အေးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး မြို့နယ်ပညာရေးမှူးမှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
အောင်သူ