ရေကြည် ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိဝန်ထမ်း သား/သမီးများအား ပညာသင်စရိတ် ထောက်ပံ့ခြင်း နှင့်၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများအားဂုဏ်ပြုဆု ချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွှဲ(၁)နာရီ အချိန်က ရေကြည်ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်းက ပညာသင်စရိတ ်ထောက်ပံ့ခြင်းနှင့် ပတ်သက်၍ရှင်းလင်းပြောကြားခဲ့ပြီး ဝန်ထမ်းသား/သမီး (၁၄)ဦးအား စာရေးကရိယာများ၊ အသုံးအဆောင်ပစ္စည်းများ၊
ဆုငွေများထောက်ပံ့ခြင်း နှင့်၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သူ ဝန်ထမ်းသား/ သမီးများထဲမှ(၂)ဘာသာဂုဏ်ထူးရှင်(၁)ဦးအားဆုငွေကျပ် (၂)သိန်း ၊ (၁)ဘာသာဂုဏ်ထူးရှင်(၁)ဦးအားဆုငွေကျပ် (၁)သိန်း နှင့် ရိုးရိုးအောင်မြင်ခဲ့သူ(၂)ဦးအား ဆုငွေကျပ်(၅)သောင်းစီ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
အောင်သူဟန်(ပြန်/ဆက်)