ပေါင်းတည်မြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ ကိုဗစ်-၁၉ အသိပညာပေး လုပ်ငန်းများကို အများပြည်သူများ သိရှိစေရန် ဆောင်ရွက်

ပေါင်းတည် ဇွန် ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ ကိုဗစ်-၁၉ နှင့် သက်ဆိုင်သော အသိပညာပေး လုပ်ငန်းများကို အများပြည်သူများ သိရှိစေရန်အတွက် လူစည်ကားရာနေရာများ ဖြစ်သော မြို့မဈေးကြီးအတွင်းအပြင်နှင့် ဈေးလမ်းစုံများ၊ စတိုးဆိုင်ကြီးများ တို့တွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (ဌာနချုပ်) ၏ ကိုဗစ်-၁၉ အသိပညာပေး ပိုစတာများကို လိုက်လံ ကပ်ထားခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးကြည်ထွန်း ဦးဆောင်သော ကြက်ခြေနီ တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ချစ်နှင်းသုန်