မြင်းမူ၊ ဇွန် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များအား ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများထိုးနှံခြင်းလုပ်ငန်းများ ပြုလုပ်ပေးခဲ့ကြောင်းသိရှိရသည်။
ကာကွယ်ဆေးမထိုးနှံမီ ကနဦးအနေဖြင့် ကိုယ်အပူချိန်တိုင်းတာခြင်း၊ကာကွယ် ဆေးနှင့် မတည့်သည့်ရောဂါ လက္ခဏာရှိ/ မရှိ မေးမြန်းခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ တစ်ဦးနှင့်တစ်ဦး(၆)ပေ အကွာတွင် နေထိုင်စေ ခြင်းနှင့် ဆေးထိုးပြီးမနစ်(၂၀)ခန့် ဆေးထိုးသည့်ပါတ်ဝန်းကျင်တွင်အနားယူစေခြင်းများကို မြို့နယ် အုပ်ချုပ်ရေးမှု ဦးရဲကိုကို ဦးဆောင်လျက် မြို့နယ်ကျန်းမာရေးဌာနဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြတ်သုခ လူမှုကူညီရေး အသင်းဝင်များက ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ယခုအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာသို့ ဆရာတော်သံဃာတော်များအပါအဝင် ဝန်ထမ်းနှင့်မိသားစုဝင် စုစုပေါင်း(၁၆၈)ဦးရှိကြောင်းသိရှိရပြီး ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းကို ဇူလိုင်လ(၂၀) ရက်နေ့တွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)